HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်က NUG နဲ့ PDF တွေကို မထောက်ခံကြောင်း ပြောတယ်ဆိုတဲ့ သတင်းအမှား

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NUG အစိုးရ နဲ့ PDF တပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေကို မထောက်ခံကြောင်း ပြောတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 22 March 2023 3:08 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Sabay Kh ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၁၈ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူတွေနဲ့ ကူးယူဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၂၂ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ဒေါ်စု PDF နှင့် NUG လုပ်ရပ်တွေ ထောက်မခံကြောင်း ပြောလိုက်ပြီ။ PDF များ အိမ်ပြန်သွားပါ’ လို့ ရေးသားထားတာပါ။

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်မှာ စစ်တပ်ထောက်ခံသူတစ်ဦးက တော်လှန်ရေးလုပ်နေတဲ့ NUG အစိုးရ နဲ့ PDF တပ်ဖွဲ့တွေကို ဝေဖန်ကာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ မှန်ကန်ကြောင်း ထောက်ခံပြောဆိုထားတဲ့ Facebook live တစ်ခုပဲ ဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ အမျိုးသားတစ်ဦးက သူ့ရဲ့ Facebook live တစ်ခုမှာ တော်လှန်ရေး အင်အားယုတ်လျော့အောင် ဝေဖန်ထားတဲ့ အကြောင်းအရာသာ‌ဖြစ်ပါတယ်။

သူ့ရဲ့ ဝေဖန်မှုတွေထဲမှာ ‘ပန်ဆယ်လို အမေရိကားမှာ ကုန်စုံဆိုင်ဖွင့်တဲ့အကြောင်း၊ NUG အစိုးရအနေနဲ့ အလှူငွေတွေကို ကိုယ်ကျိုးအတွက် သုံးနေတာဖြစ်ကြောင်း၊ PDF က လူငယ်တွေအနေနဲ့ အသက်အသေမခံပဲ နိုင်ငံခြား တိုင်းပြည်တွေကို ထွက်သွားသင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင် တော်လှန်ရေးကို တခါမှ အားမပေးခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက အပြစ်တင်ခံရမှာ ဖြစ်ကြောင်း၊ ရှေ့နေတွေနဲ့ မကြာခန တွေ့နေတဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NUG ကို အသိအမှတ်ပြုတယ်လို့ တခါမှ မပြောဘူးကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် NUG နဲ့ PDF ကိုလုံးဝမထောက်ခံကြောင်း၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ်ဘက်က PDF တွေအနေနဲ့ ပြေးပေါက်မရှိပဲ သေဖို့သာရှိကြောင်း’ စတဲ့ တော်လှန်ရေးအင်အားစုတွေကို အပြစ်တင်ထားပါတယ်။

အခြားတဘက်မှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို ထောက်ခံထားတဲ့ ‘အညာဒေသမှာ အိမ်တွေ မီးလောင်တာ နွေရာသီပူလို့ဖြစ်ပြီး စစ်တပ်က လုပ်တာမဟုတ်ကြောင်း၊ PDF တွေက ဘုန်းကြီးကျောင်းမီးရှို့ပြီး ပြည်သူတွေကို သတ်နေတဲ့အတွက် ငရဲသွားရမှာ ဖြစ်ကြောင်း၊ စစ်တပ်အနေနဲ့ နိုင်ငံကို သူတို့လက်ထက်မှာ ကောင်းအောင် စီမံနေကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တေလည်း စစ်တပ်ကို မနိုင်ကြောင်း၊ စစ်တပ်က စေတနာထားပြီး အုပ်ချုပ်နေကြောင်း၊ ရန်ကုန်မြို့ကိုလည်း အဆင့်မြှင့်နေကြောင်း၊ လမ်းတွေ တံတားတွေနဲ့ စီမံကိန်းကြီးတွေ လုပ်ဆောင်နေကြောင်း’ စတဲ့ အကြောင်းအရာတွေကို လုပ်ကြံပြောဆိုထားတာသာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NUG အစိုးရ နဲ့ PDF တပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေကို မထောက်ခံဘူးလို့ ပြောဆိုထားတဲ့အကြောင်း သူမရဲ့ ရှေ့နေတွေက ပြန်လည်ပြောကြားထားတာ မရှိသလို ယုံကြည်ရတဲ့ မီဒီယာတွေမှာလည်း ဖော်ပြထားတာ မရှိသေးပါဘူး။

Related Stories