HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကို လွှတ်ပေးဖို့ အာဆီယံအမိန့်ထုတ်တယ်ဆိုတဲ့ သတင်းအမှား

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကို လွှတ်ပေးဖို့ အာဆီယံအမိန့်ထုတ်ပြန်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 16 Nov 2022 10:40 AM GMT

ဒီအကြောင်းအရာကို နိုဝင်ဘာ ၁၂ ရက် နေ့လည်ပိုင်းမှာ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Rambo new ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ 'အမေစုနဲ့ သမ္မတ ချက်ချင်းလွှတ်ပေးရန် အာဆီယံဥက္ကဌ အမိန့်ချပြီ' လို့ ရေးသားဖြန့်ဝေနေကြတာပါ။

ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ခုဖြန့်ဝေမှုမှာပါတဲ့ ဗွီဒီယိုဖိုင်ကို ဝင်ကြည့်ရင် ပိုစ့်မှာရေးထားသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကို လွှတ်ပေးဖို့ အာဆီယံအမိန့်ထုတ်တယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိပဲ တခြား သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ချမှတ်တာနဲ့ ပတ်သက်တဲ့ အင်တာဗျူးတစ်ခုကို ကူးယူဖော်ပြထားတာပါ။

မြန်မာနိုင်ငံကိုယ်စားပြုသူမပါတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာ ၁၁ ရက်က စတင်ကျင်းပပြီးနောက် လူစိတ်စားမှုများနေချိန်မှာ ဒီလိုသတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေလာတာပါ။

ဒီဖေ့စ်ဘွတ်ပေ့ချ်တွေမှာ ဖြန့်ဝေနေတာတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် ဖန်တီး ဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်း မေးမြန်းရေးသားထားတဲ့အကြောင်းအရာတွေမရှိပါဘူး။

အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးပွဲအပြီး နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့တဲ့ မြန်မာ့အရေး ကြေညာခဲ့တဲ့ အချက် ၁၅ ချက်ထဲမှာ သက်ဆိုင်သူအားလုံး ယခင်က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာအကောင်အထည်ဖော်ရေးနဲ့ အာဆီယံအနေနဲ့ သက်ဆိုင်သူအားလုံးနဲ့ မကြာခင်မှာ ထိတွေ့ဆက်ဆံနိုင်ရေး ကြိုးပမ်းဆောင်ရွက်မယ်ဆိုတဲ့ အချက်တွေ ထည့်သွင်းလာတာရှိပါတယ်။

ဒီအထဲမှာ NUG နဲ့ ပူးပေါင်းမယ်၊ စစ်ကောင်စီနဲ့ ပူးပေါင်းမယ်၊ ဒေါ်အောင်ဆန်းစုကြည်လွှတ်ဖို့ အမိန့်ချမှတ် တယ်ဆိုတဲ့ အကြောင်းအရာတွေ မပါဝင်ပါဘူး။

ခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

Related Stories