HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရခိုင်လူမျိုးတွေကို မြန်မာပြည်ထဲ ဝင်ခွင့်ပိတ်ပင်တယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီက ရခိုင်လူမျိုးတွေကို မြန်မာပြည်ထဲ ဝင်ခွင့်ပိတ်ပင်လိုက်ပြီး ခိုးဝင်လာသူတွေကို ပစ်သတ်ဖို့ အမိန့်ထုတ်ပြန် ထားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 27 Feb 2024 10:35 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MyaWaddy News ဆိုတဲ့ Youtube ချန်နယ် တစ်ခုမှာ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရခိုင်လူမျိုးများကို မြန်မာပြည်ထဲကို ဝင်ခွင့်ပိတ်လိုက်ပြီ။ ခိုးဝင်လာသူများကို ပစ်သတ်လို့ အမိန့်ထုတ်ပြန်' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ၂၄ နာရီ မပြည့်မီ ဝင်ရောက်ကြည့်ရှု့သူ သုံးသောင်းကျော် ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ရခိုင်လူမျိုးတွေကို မြန်မာပြည်ထဲ ဝင်ခွင့်ပိတ်ပင်တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Narinjara သတင်းမှာ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့က ဖော်ပြထားတဲ့ 'အသက် ၁၈နှစ်နှင့် ၃၅ နှစ်အကြား ရခိုင်လူငယ်များအား ရန်ကုန်မှ ရခိုင်သို့ လေယာဉ်ဖြင့် သွားလာခွင့် ပိတ်ပင်ကန့်သတ်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

ဒီသတင်းထဲမှာ ရခိုင်လူမျိုးတွေကို မြန်မာပြည်ထဲ ဝင်ခွင့်ပိတ်ပင်တယ် ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

သတင်းထဲမှာ အသက် ၁၈ နဲ့ ၃၅ ကြား ရခိုင်လူငယ်တွေကို ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က စတင်ပြီး ရန်ကုန်မှ ရခိုင်ကို လေကြောင်းလိုင်းနဲ့ ခရီးသွားလာခွင့်ကို ကန့်သတ်ကြောင်း၊ ဒီကန့်သတ်မှုကို စစ်ကောင်စီက တရားဝင် စာထုတ်တာမဟုတ်ပဲ လေယာဉ်ကွင်းရောက်မှ တားမြစ်တာ ဖြစ်ကြောင်း၊ လက်ရှိ ရခိုင်ကို ပြေးဆွဲနေတဲ့ ရန်ကုန်-သံတွဲ လေကြောင်းလိုင်း၊ ရန်ကုန်-စစ်တွေ လေကြောင်းလိုင်းနှင့် ရန်ကုန်-ကျောက်ဖြူလေကြောင်းလိုင်း ခရီးစဉ်များကို ခွင့်မပြုကြောင်း ခရီးသည်တစ်ဦးရဲ့ ပြောကြားချက်ဆိုပြီး ကိုးကား သတင်းရေးထားတာ ဖြစ်ပါတယ်။

Narinjara သတင်းမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

လက်ရှိမှာ Narinjara ရဲ့ သတင်းနဲ့ ပက်သတ်ပြီး စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေက သတင်းမှား၊ သတင်းတုသာ ဖြစ်တယ်လို့ ပြန်လည်ချေပ ရေးသားဖော်ပြနေကြပါတယ်။


ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

Related Stories