HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အီရတ်နိုင်ငံထဲက ဓာတ်ကြိုးမှာ ချိတ်မိနေတဲ့ အီရန်ရဲ့ ဒရုန်းဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

အစ္စရေးကို လှမ်းပစ်တဲ့ အီရန်ရဲ့ ဒရုန်းတစ်ခု အီရတ်နိုင်ငံထဲက ဓာတ်ကြိုးမှာ ချိတ်မိနေတဲ့ ဗီဒီယိုဖိုင်ဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 27 April 2024 10:14 AM GMT

ဒီအကြောင်းအရာဟာ အီရန်က အစ္စရေးကို ဧပြီ ၁၃ ရက်နေ့ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့အပြီးမှာ စတင်ဖြန့်ဝေနေကြတာဖြစ်ပါတယ်။

ဖြန့်ဝေရာမှာလည်း မြန်မာနဲ့ အင်္ဂလိပ်ဘာသာ အသုံးပြုပြီး ဖေစ့်ဘွတ်၊ Thread နဲ့ Youtube ချန်နယ်တွေမှာ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Forever Justice Myanmar ဆိုတဲ့ Youtube ချန်နယ်မှာ ဧပြီလ ၁၄ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။


ဖြန့်ဝေရာမှာ ဓာတ်ကြိုးတွေပေါ်မှာ ချတ်တင်နေတဲ့ တိုက်ခိုက်ရေး ဒရုန်းယာဉ်တစ်စီးကို ရိုက်ယူထားတဲ့ စက္ကန့် ၃၀ နီးပါးရှိတဲ့ ဗီဒီယို ကလစ်တစ်ခုနဲ့အတူ 'အစ္စရေးကိုလှမ်းပစ်တဲ့အီရန်ရဲ့ဒရုန်းတစ်ခုအီရတ်နိုင်ငံထဲကဓါတ်ကြိုးမှာချိတ်မိနေ' လို့ ရေးသားဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ ဒီပုံဟာ ဧပြီ ၁၃ ရက်နေ့ အီရန်က အစ္စရေးကို ဒရုန်းနဲ့ မတိုက်ခိုက်မီ ဒီနှစ်အစောပိုင်းထဲက အချို့မီဒီယာတွေမှာ ဖော်ပြထားတဲ့ ပုံဖြစ်တာ တွေ့ရပါတယ်။

ဒီဓာတ်ပုံကို ဆီးရီးယားအခြေစိုက် Al Jazeera သတင်းဌာနရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖော်ဝါရီ ၂၁ ရက်က ဖော်ပြထားပြီး ဒါကိုပဲ အခြားသတင်းဌာနတွေမှာလည်း ဖော်ပြထားတာ ရှိပါတယ်။


 Al Jazeera သတင်းဌာနရဲ့ ဖော်ပြမှုမှာတော့ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Hasakeh ပြည်နယ်မှာ ရိုက်ကူးထားတဲ့ ပုံလို့ ရေးသားဖော်ပြထားပါတယ်။

Al Jazeera သတင်းဌာနနဲ့ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ မူရင်းပိုစ့်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

ဒါကြောင့် အခုဖြန့်ဝေနေတာတဲ့ အစ္စရေးကို လှမ်းပစ်တဲ့ အီရန်ရဲ့ ဒရုန်းတစ်ခု အီရတ်နိုင်ငံထဲက ဓာတ်ကြိုးမှာ ချိတ်မိနေတယ်ဆိုတာ သတင်းအမှားပဲ ဖြစ်ပါတယ်။

Related Stories