ဒီအကြောင်းအရာကို The Daily Lens ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဘောမရင် အဲလို သေရတယ်။ စစ်ကောင်စီ နဲ့ ပူးပေါင်းတဲ့ မင်းသားကြီး နေတိုးကို AA နဲ့ ရန်ကုန် PDF ညက ပူးပေါင်း သတ်လိုင်' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
နေတိုးကို အာရက္ခတပ်တော် AA နဲ့ ရန်ကုန် PDF တွေ ပူးပေါင်းသတ်ဖြတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူစိတ်ဝင်စားအောင် တမင်ရည်ရွယ်ပြီး လုပ်ကြံရေးသားကာ သတင်းမှားတွေကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
အာရက္ခတပ်တော် AA နဲ့ Yangon PDF တွေအနေနဲ့ နေတိုးကို နေတိုးကို လုပ်ကြံသတ်ဖြတ် လိုက်တယ်ဆိုပြီး သတင်းထုတ်ပြန်ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ဇာတ်လမ်း ရိုက်ကူးခဲ့ကြတဲ့ အနုပညာရှင်တွေကို သတိပေးရုံတင် မဟုတ်ဘဲ လက်တွေ့ အရေးယူမှုတွေ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းအတွင်း လှုပ်ရှားနေတဲ့ မြို့ပြပြောက်ကျားတပ် သုံးခုက ကြေညာချက်တစောင် အောက်တိုဘာလ ၂၈ ရက်မှာ ထုတ်ပြန်ထားတာတော့ ရှိပါတယ်။
ဒီထုတ်ချက်ထဲမှာ ရန်ကုန်တိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ မြို့ပြပြောက်ကျားတပ်တွေ ဖြစ်တဲ့ Yangon Army (YA)၊ Dark Shadow၊ Operation Flame (OF)၊ Mother Son Yangon Force နဲ့ Broken System တို့ ငါးဖွဲ့ပူးပေါင်းပြီး ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းမှာ ပါဝင်ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တွေကို ပြင်းပြင်းထန်ထန် တုံ့ပြန် အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။
ဝါဒဖြန့်ဇာတ်လမ်း ရိုက်ကူးခဲ့သူတွေကို အရေးယူမယ့် အကြောင်းရေးသားထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။



