HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေတိုးကို နယ်နှင်ဒဏ်ပေးပြီး ပိုင်ဆိုင်မှုတွေလည်း သိမ်းဆည်းခံရတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲအတွက် တော်လှန်ရေးကို ပုံဖျက်တဲ့ ဝါဒဖြန့်ဇာတ်လမ်း ရိုက်ကူးလို့ ဝေဖန်ခံနေရတဲ့ မင်းသားနေတိုးကို အာရက္ခတပ်တော် AA က ရခိုင်ပြည်နယ်ကနေ နယ်နှင်ဒဏ်ပေးပြီး ပိုင်ဆိုင်မှုအားလုံး သိမ်းဆည်း လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 29 Oct 2025 8:35 AM IST

ဒီအကြောင်းအရာကို Khit Thit Thadin ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဘောမနေတိုးကို AA မှ မြေနှင်ဒဏ် ပေးလိုက်ပြီ။ ပိုင်ဆိုင်မှု အားလုံး AA အကုန်သိမ်း။ စစ်တပ်ရဲ့ ရွှေးကောက်ပွဲကို ထောက်ခံကြောင်း ရုပ်ရှင်ရိုက်နေတဲ့ နေတိုး ကို ရခိုင်နယ်မှ အပီးပိုင် မြေနှင်ဒဏ်ခံရ။ ပိုင်ဆိုင်မူအားလုံး AA သိမ်း' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ ဖေစ့်ဘွတ်ပေါ်မှာ ဝေဖန်နေသူအချို့ရဲ့ ကိုယ်ပိုင်အမြင်တွေသာ ဖြစ်ပြီး ဒီဖေစ့်ဘွတ်ပိုစ့်တွေကို ကူးယူပြီး နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

အာရက္ခတပ်တော် AA နေတိုးကို ရခိုင်ကနေ နယ်နှင်ဒဏ်ပေးခံရပြီး ပိုင်ဆိုင်မှုတွေလည်း သိမ်းဆည်းခံရတယ်ဆိုတဲ့ အကြောင်းအရာမျိုး ထုတ်ပြန်ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲအတွက် နေတိုးအပါအဝင် မင်းသားလေးဦးနဲ့အတူ ‘ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ’ ဆိုတဲ့ တော်လှန်ရေးပုံဖျက် ဝါဒဖြန့်ဇာတ်လမ်းကို ထုတ်လွှင့်ခဲ့တဲ့အတွက် ဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို လူမှုမီဒီယာတွေပေါ်မှာ အပြင်းအထန် ဝေဖန်နေပါတယ်။

ဒီ ရွေးကောက်ပွဲစည်းရုံးရေး ဝါဒဖြန့် ဇာတ်လမ်းမှာ နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်တို့နဲ့အတူ ခြူးလေး၊ မေမြင့်မိုရ်၊ အောင်ခိုင်၊ ငှက်ပျောကြော်၊ စူပါလင်း၊ သွက်လက်စတဲ့ သရုပ်ဆောင်တွေပါဝင်ပြီး ပရိတ်သတ်တွေက ဖက်ခွပ်စားတွေလို့ ဝေဖန်နေတာပါ။


သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories