HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တစ်နိုင်ငံလုံး အရေးပေါ်ကြေညာပြီဆိုပြီး မကြာခဏဖြန့်ဝေနေတဲ့ သတင်းအမှား

တစ်နိုင်ငံလုံး အရေးပေါ်ကြေညာပြီ၊ အမိန့်ဆိုးကြီး ကြေညာပြီ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ လူအများ အထင်အမြင်လွဲစေတဲ့ အကြောင်းအရာတွေကို သတင်းအမှားတွေ ဖြန့်ဝေလေ့ရှိတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ မကြာခဏ ဖြန့်ဝေနေတာတွေ့ရပါတယ်။

By - Boom Live Myanmar | 26 July 2023 4:22 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ရေးသားဖြန့်ဝေနေတဲ့ Shwe Win ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ အခြား ဖေစ့်ဘွတ်ပေချ့် အတုတွေမှာ ဇူလိုင်လ ၂၅ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘တနိုင်ငံလုံး အရေးပေါ်ကြေညာလိုက်ပြီ/လုံးဝအရေးကြီးပြီ’ လို့ ရေးသား ဖြန့်ဝေနေတာပါ။အချို့ဖြန့်ဝေမှုတွေမှာတော့ ‘တနိုင်ငံလုံး အမိန့်ဆိုးကြီး ကြေညာပြီ အရေးပေါ်သတင်း’ လို့ ရေးသားထားပါတယ်။ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေနေတဲ့ အကြောင်းအရာဟာ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံဖန်တီးလေ့ရှိတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ‘တနိုင်ငံလုံး အရေးပေါ်ကြေညာလိုက်ပြီ’ ဆိုတဲ့ အကြောင်း အရာနဲ့ ပက်သက်တာ မပါဝင်ပါဘူး။ဗွီဒီယိုထဲမှာ အခြားသတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

အရေးပေါ်ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်း ပုံနဲ့အတူ သတင်းအမှားတွေ ဆက်တိုက်ရေးသားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ မကြာခန ဖြန့်ဝေလေ့ရှိပါတယ်။ လက်ရှိအချိန်မှာတော့ အရေးပေါ်ကြေညာတယ်ဆိုတဲ့ အခြေအနေဟာ စစ်ကောင်သစီဖက်ကရော အတိုက်အခံဖြစ်တဲ့ NUG ဖက်ကပါ ထုတ်ပြန်ကြေငြာထားတာမရှိပါဘူး။

ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေဟာ အများပြည်သူ အထင်အမြင်လွဲအောင် တမင်လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။ သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories