HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဆေးကုမရလို့ ပိုက်ဆံတွေဆေးရုံထဲလွှင့်ပစ်တယ်ဆိုတာ မဟုတ်ပါ

တရုတ်နိုင်ငံမှာ ဆေးရုံလာတဲ့ လူနာတစ်ယောက်ကို ဆရာဝန်က ဆေးကုမရနိုင်တဲ့ ကင်ဆာရောဂါဖြစ်နေကြောင်း ပြောတဲ့အတွက် သူ့ပိုင်ဆိုင်တဲ့ ငွေတွေ ဆေးရုံအတွင်းလွှင့်ပစ်တယ်ဆိုတဲ့ အကြောင်းအရာနဲ့အတူ ဘ၀အသိပညာပေးစာသားတချို့နဲ့ ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာဟာ မူရင်းအဖြစ်အပျက်နဲ့ သွေဖည်နေတဲ့ အကြောင်းအရာအမှားသာဖြစ်ကပါတယ်။

By - Boom Live Myanmar | 29 Jun 2022 11:57 AM GMT

ဒီအကြောင်းအရာကို ဧပြီလအတွင်းမှာကတည်းက မကြာခဏ ဖြန့်ဝေနေတာဖြစ်ပြီး ခုဇွန်လအတွင်းမှာလည်း ထပ်မံဖြန့်ဝေလာတာ ဖြစ်ပါတယ်။ သတင်းမှာ "တရုတ်နိုင်ငံမှာ လူနာတယောက် နေမကောင်းလို့ ဆေးရုံလာပြရင်း ဆရာဝန်က ကင်ဆာကြောင်းနဲ့ ကုသမရနိုင်ကြောင်း ပြောလိုက်ကြောင်း၊ အဲ့နောက် လူနာက ဆေးရုံရဲ့အလယ်မှာ ငွေတွေဖြန့်ကျဲပြီး ငွေကအရာတိုင်းကို မလုပ်ပေးနိုင်ကြောင်း၊ သူ့ဘဝကိုတောင် မကယ်နိုင်ကြောင်း၊ သူ့ ကျန်းမာရေးကိုတောင် အထောက်ကူမပြုနိုင်ကြောင်း အော်ဟစ်ပြောဆိုခဲ့ကြောင်း" ရေးသားက တရုတ်ငွေတွေ ပြန့်ကျဲနေတဲ့ ဓါတ်ပုံနှစ်ပုံနဲ့ တွဲပြီး ဖြန့်ဝေလာတာပါ။

မူရင်းရေးသားမှုကိုတော့ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအဖြစ်အပျက်အကြောင်းကို နိုင်ငံတကာက ဆိုရှယ်မီဒီယာတွေပေါ်မှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက အများအပြားဖြန့်ဝေခဲ့ကြပါသေးတယ်။


ဖြန့်ဝေမှုထဲပါ ပုံကို Google image မှာ ရှာဖွေရင် အဲ့ဒီအချိန်က ဖြန့်ဝေမှုတွေကို တွေ့နိုင်ပါတယ်။ ဒီပုံနဲ့ ပတ်သတ်ပြီး ဆက်လက်ရှာဖွေကြည့်ရာမှာ ဒါဟာ ၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံ Harbin ဆေးတက္ကသိုလ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို လုပ်ကြံရေးသားထားတဲ့ သတင်းအမှားသာ ဖြစ်တယ်လို့ မလေးရှားနိုင်ငံ အခြေစိုက် India today Malayalam သတင်းဌာနမှာ ဖော်ပြထားပါတယ်။


ဒီပိုက်ဆံတွေ ပြန့်ကျဲနေတဲ့ ပုံဟာ တရုတ်နိုင်ငံ Harbin ဆေးတက္ကသိုလ်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တယ်ဆိုပေမယ့် ခုဖြန့်ဝေနေသလို ကင်ဆာရောဂါသည်တစ်ဦးနဲ့ ဆက်နွယ်တဲ့ ဇာတ်လမ်းတော့ မဟုတ်ကြောင်း၊ မီဒီယာတွေမှာ ဖော်ပြချက်အရာ လူနှစ်ဦးအချင်းများရာက ဆေးတက္ကသိုလ်ထဲမှာ ပိုက်ဆံတွေ လွှင့်ပစ်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ဒီအဖြစ်အပျက်ဟာ Harbin ဆေးရုံက သူနာပြုဆရာမ တစ်ဦဆီကို သူမရည်းစားက လာတွေ့ရင်း နှစ်ဦးသား ရန်ဖြစ်ကြရာက အရေးပေါ်ဌာနရှေ့မှာ ပိုက်ဆံတွေ လွှင့်ပစ်ကြတာ ဖြစ်ကြောင်းနဲ့ လုံခြုံရေးတွေက လာရောက်ဖြန်ဖြေခဲ့ရကြောင်း ရေးသားဖော်ပြထားပါတယ်။


မလေးဘာသာစကားနဲ့ ဖြန့်ဝေထားတဲ့ မူရင်းဆန်းစစ်ချက် အပြည့်အစုံကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories