HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဗုဒ္ဓ့ရုပ်ပွားတော် ရေနဲ့မျောပါလာတယ်ဆိုတဲ့ သတင်းအမှား

ရေကြီးနေတဲ့ မြို့တစ်မြို့ထဲမှာ ဗုဒ္ဓ့ရုပ်ပွားတော်တစ်ဆူ ရေထဲမျောပါလာတဲ့ ဗီဒီယိုဖိုင်တစ်ခုဖြန့်ဝေပြီး ထူးဆန်းတဲ့ နိမိတ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 29 Dec 2023 2:51 PM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ‘သတင်းမှန်သတင်းစုံ’ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၃ မိနစ်နီးပါး ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ယနေ့မြို့ထဲမှာ ရေနဲ့မြောပါလာတဲ့ ဘုရားကြီးက ပြတဲ့ ထူးဆန်းလွန်းတဲ့ နမိတ်ကြီး’ လို့ ရေးသား ဖြန့်ဝေထားတာပါ။

ဗီဒီယိုရဲ့အစပိုင်း စက္ကန့်အနည်းငယ်လောက်မှာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရေထဲမျောပါနေတဲ့ ရုပ်သံနဲ့အတူ 'ရေးကြီးနေတဲ့ မြို့တစ်မြို့မှာ ဘုရားတစ်ဆူ ရေထဲမျောပါလာလို့ ပြည်သူလူထုက အတိတ်နိမိတ် အမျိုးမျိုးကောက်ယူနေတယ် ဆိုပြီး နောက်ခံစကားပြောနဲ့ ပြောဆိုထားပါတယ်။

ဒီနောက်မှာ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ အခြားသတင်းတွေကို နောက်ခံစကားပြောနဲ့ ပြောဆိုထားတာပါ။

ဖြန့်ဝေထားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသား ထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဒီဗီဒီယိုဟာ စပိန်နိုင်ငံ Canary ကျွန်းမှာ 2018 ခုနှစ်အတွင်း မိုးကြီးနေချိန် အစိမ်းရောင် အမှိုက်ပုံးကြီး ရေထဲမျောနေတဲ့ ဗီဒီယိုဖြစ်ပါတယ်။ ဒါကို အစိမ်းရောင် အမှိုက်ပုံးကြီးနေရာမှာ ဗုဒ္ဓရုပ်ပွားတော်ကို အစားထိုးပြီး ပြုပြင်ထားတဲ့ ရုပ်သံဖိုင် ဖြစ်ပါတယ်။


အထက်ပါပုံမှာ ဘယ်ဘက်က ပုံတွေဟာ အစိမ်းရောင် အမှိုက်ပုံးကြီးနေရာမှာ ဗုဒ္ဓရုပ်ပွားတော်ကို အစားထိုးပြုပြင်ထားတဲ့ ပုံတွေဖြစ်ပါတယ်။

ဗီဒီယိုမူရင်းကို စပိန်နိုင်ငံအခြေစိုက် မိုးလေဝသ သတင်းတွေဖော်ပြတဲ့ tiempo.com ဆိုတဲ့ ဝက်ဆိုက်မှာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့က ဖော်ပြထားတာ ဖြစ်ပါတယ်။

မူရင်းသတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

Full View

သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

Related Stories