HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ထိုင်းလေကြောင်းတိုက်ခိုက်မှုအတွင်း ကမ္ဘောဒီးယား စစ်သား ၂၀၀ သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

ကမ္ဘောဒီးယား စစ်စခန်း ၁၂ ခုကို ထိုင်းလေတပ်က ပေါင် ၁၀၀၀ ဗုံးနဲ့ ဝင်ရောက်ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကမ္ဘောဒီးယား စစ်သား ၂၀၀ ထက်မနည်း သေဆုံးတယ်ဆိုပြီး အကြောင်းအရာတွေထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar | 25 July 2025 9:57 AM IST

ဒီအကြောင်းအရာကို Khit Thit YGN ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင် ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၂၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ကမ္ဘောဒီးယား စစ်စခန်း ၁၂ ခုကို ထိုင်းလေတပ်က ပေါင် ၁၀၀၀ ဗုံးနဲ့ ဝင်ရောက်ဗုံးကြဲတိုက်ခိုက်။ ကမ္ဘောဒီးယား စစ်သား ၂၀၀ ထက်မနည်း သေဆုံးကာ အတွဲလိုက် ဒုံးကျည်များနဲ့ ပြန်လည်ပစ်ခတ်နေ' လို့ ရေးသားထား တာပါ။

ဒီအကြောင်းအရာကို ဖြန့်ဝေပြီး ၇ နာရီအတွင်း ဝင်ရောက်ကြည့်ရှု့သူ ငါးသောင်းကျော် ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ထိုင်းလေကြောင်းတိုက်ခိုက်မှုအတွင်း ကမ္ဘောဒီးယား စစ်သား ၂၀၀ သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Myanmar Now သတင်းဌာနမှာ ဇူလိုင် ၂၄ ရက်နေ့က ဖော်ပြထားတဲ့ 'ထိုင်းနှင့် ကမ္ဘောဒီးယား လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများတွင် အရပ်သားများသေဆုံး' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ ကမ္ဘောဒီးယားနှင့် ထိုင်းတပ်ဖွဲ့တွေ နယ်စပ်အငြင်းပွားမှု ဖြစ်ပွားပြီး နှစ်ဘက်အပြန်အလှန် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဖြစ်ပွားတဲ့အကြောင်းရေးသားထားတာပါ။

ဒီသတင်းထဲမှာ ထိုင်းလေကြောင်းတိုက်ခိုက်မှုအတွင်း ကမ္ဘောဒီးယား စစ်သား ၂၀၀ သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories