HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြို့ကို လက်နက်ကြီးနဲ့ ပစ်မယ်ဆိုပြီး စစ်တပ်က ခြိမ်းခြောက်တယ်ဆိုတဲ့ သတင်းအမှား

AA သိမ်းယူသွားတဲ့ စစ်သင်္ဘောကို ဒေသခံပြည်သူတွေကို ပြန်တောင်းခိုင်းပြီး မရပါက တစ်မြို့လုံးကို လက်နက်ကြီးနဲ့ ပစ်မယ်လို့ စစ်တပ်က ခြိမ်းခြောက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 30 Dec 2023 1:42 PM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MM TOP DAILY ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၃ ရက် ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ကြွက်မနိုင်ကျီမီးနဲ့ရှို့ဗျို့။ ရသေ့တောင် ပြည်သူတွေစိုးရိမ်နေ။ AA သိမ်းယူသွားတဲ့ စစ်သင်္ဘောကို ဒေသခံပြည်သူကို ပြန်တောင်းခိုင်း။ ပြန်မရပါက တစ်မြို့လုံးကို လက်နက်ကြီးနဲ့ပစ်မယ်လို့ စစ်ခွေးတပ် ခြိမ်းခြောက်’ လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်သင်္ဘော ပြန်မရပါက တစ်မြို့လုံးကို လက်နက်ကြီးနဲ့ပစ်မယ်လို့ စစ်တပ်က ခြိမ်းခြောက်တယ်ဆိုတဲ့ ကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

အခုဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ ဒီဇင်ဘာ ၂၃ ရက် နေ့လည်မှာ ဖော်ပြထားတဲ့ 'တရုတ် စီမံကိန်း တည်ရှိရာ ကျောက်ဖြူရှိ တောင်မော်ဦး စစ်ကောင်စီရေတပ်စခန်းမှ လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်နေ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။


ဒီသတင်းထဲမှာ AA သိမ်းယူသွားတဲ့ စစ်သင်္ဘောကို ဒေသခံပြည်သူတွေကို ပြန်တောင်းခိုင်းပြီး မရပါက တစ်မြို့လုံးကို လက်နက်ကြီးနဲ့ ပစ်မယ်လို့ စစ်တပ်က ခြိမ်းခြောက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

Khit Thit Media မှာ ဖော်ပြထားတဲ့သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

Related Stories