HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အင်းစိန်ထောင်ထဲမှာ လူမိုက်ကျော်ဝင်းစိန် အလိုကျ နေပေးခဲ့ရတဲ့ မင်းသမီး သင်ဇာဝင့်ကျော် ဆိုတဲ့ သတင်းအမှား

အင်းစိန်ထောင်ထဲမှာ လူမိုက်ကျော်ဝင်းစိန် အလိုကျ နေပေးခဲ့ရတဲ့ မင်းသမီး သင်ဇာဝင့်ကျော်ကိစ္စ တရားဟောဆရာ ဒေးဗစ်လား ပြောဆိုတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 29 Dec 2023 2:37 PM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ‘သတင်းမှန်သတင်းစုံ’ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၅ မိနစ်နီးပါး ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘အင်းစိန်လူမိုက်ခေါင်းဆောင် ကျော်ဝင်းစိန် အင်းစိန်ထောင်ထဲမှာ အလိုကျတေူတူနေပေးခဲ့ရတဲ့ သင်ဇာဝင့်ကျော်’ လို့ ရေးသား ဖြန့်ဝေထားတာပါ။

ဗီဒီယိုရဲ့အစမှာ ကျော်ဝင်းစိန်ဟာ ထောင်ထဲမှာ ဘယ်လိုဗိုလ်ကျ နေထိုင်သလဲ။ သူလိုချင်တာ မဖြစ်ဖြစ်အောင် လုပ်ပေးရတယ်။ ရုပ်ရှင်မင်းသမီး သင်ဇာဝင့်ကျော်ကိုယ်တိုင် ဘယ်လိုမျိုး သူနေချင်သလို အတူတူနေပေးခဲ့ရသလဲဆိုတဲ့ အကြောင်းအရာတွေကို ဒေးဗစ်လားက ဒီလိုပြောပြခဲ့တာ တွေ့ခဲ့ရပါတယ်ဆိုပြီး နောက်ခံစကားပြောနဲ့ ပြောဆိုထားပါတယ်။

ဒီနောက်မှာ ခရစ်ယာန် တရားဟောဆရာ ဒေးဗစ်လားရဲ့ အင်းစိန်လူမိုက် ကျော်ဝင်းစိန် အကြောင်းပြောဆိုထားတဲ့ ရုပ်သံအပိုင်းအစ တစ်ခုနဲ့အတူ၊ လူမိုက်ကျော်ဝင်းစိန် မသေဆုံးဘူးလို့ သတင်းထွက်နေကြောင်း နဲ့ အခြား လုပ်ကြံသတင်းတွေကို နောက်ခံစကားပြောနဲ့ ပြောဆိုထားတာပါ။

ဖြန့်ဝေထားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသား ထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

တရားဟောဆရာ ဒေးဗစ်လားရဲ့ ပြောဆိုမှုတွေထဲမှာ သူ့ကို (မည်သူ့ကို ရည်ညွှန်းမှန်း မသိ) တစ်ထောင်လုံးက ကြောက်ရကြောင်း၊ ထောင်အခန်းတိုင်းမှာ ဘယ်သူဘယ်ဝါဆိုပြီး ကပ်ထားတဲ့ အမှုတွေရှိရာ ရဲ ၇၇ ယောက်ကို သတ်ထားသူ ဆိုသူရဲ့ အမှုကို ဖတ်ပြီး ကြောက်ခဲ့ရကြောင်း၊ ရဲ ၇၇ ယောက် သတ်ခဲ့သူက တစ်ထောင်လုံးကို ကြိမ်းဝါးနေတဲ့အတွက် ဘုရားဆုတောင်းခဲ့ကြောင်း၊ ထောင်ဝန်ထမ်းက လူမိုက်အတွက် ဆုတောင်းမနေသင့်ကြောင်း၊ အဆိုပါလူမိုက်က ထောင်မကြာခန ဖောက်သူဖြစ်ကြောင်း၊ ထောင်ထဲကို လူအခါခါ သတ်ပြီး ပြန်ပြန်ဝင်လာသူ ဖြစ်ကြောင်း၊ အလုပ်မျိုးစုံလုပ်တဲ့ ကြေးစားလူသတ်သမားဖြစ်ကြောင်း၊ ပိုက်ဆံရှိသားသမီးတွေ ထောင်ကျချိန် အချုပ်ကားကို ကားနဲ့တိုက်ပြီး ကယ်ထုတ်ခဲ့ကြောင်း တွေ ပြောထားတာသာဖြစ်ပြီး ဒီအကြောင်းအရာထဲမှာ မင်းသမီး သင်ဇာဝင့်ကျော်အကြောင်း ပါဝင်တာ မရှိပါဘူး။

တရားဟောဆရာ ဒေးဗစ်လားရဲ့ ပြောဆိုမှုတွေဟာ မည်သည့်လူမိုက်ကို ရည်ညွှန်းတယ်မသိရပေမယ့် ရုပ်သံအပိုင်းထဲမှာ သူပြောနေတဲ့ အချက်နဲ့ အင်းစိန်လူမိုက် ကျော်ဝင်းစိန်ရဲ့ အချက်တွေဟာ ကိုက်ညီမှု မရှိပါဘူး။

အခုဖြန့်ဝေနေတဲ့ အကြောင်းအရာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဆိုတာ အလွယ်တကူ သိနိုင်ပေမယ့် အချက်အလက်နဲ့ ပြောဆိုရရင် သရုပ်ဆောင် မော်ဒယ် သင်ဇာဝင့်ကျော်ဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းကမှ ဖမ်းဆီးတရားစွဲတာ ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ နှစ် ဇူလိုင်လအတွင်းက SPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုရဲ့သမီး မင်္ဂလာပွဲကို SSA စစ်ဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်ခဲ့တဲ့အတွက် အပြန်မှာ ခေတ္တဖမ်းဆီး ခံခဲ့ရဖူးတယ်ဆိုပေမယ့် အင်းစိန်လူမိုက်ကျော်ဝင်းစိန် အင်းစိန်ထောင်က လွတ်ချိန်နဲ့ အတော်ကြာ ကွာဟ နေပါတယ်။

အင်းစိန်လူမိုက်ကျော်ဝင်းစိန်နဲ့ ညီဖြစ်သူ ကျင်ဟုတ်တို့ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကတည်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာပါ။


လက်ရှိမှာ သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ - ၃၃ (က) နဲ့ စစ်ကောင်စီက ဖမ်းဆီးတရားစွဲခဲ့ပြီး ရန်ကုန်တိုင်း၊ အင်းစိန်ထောင်တွင်း တရားရုံးကနေ ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့မှာ ထောင်ငါးနှစ် ချလိုက်တယ်ဆိုပြီး သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

သတင်းကို ဒီနေရာ မှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

Related Stories