ဒီအကြောင်းအရာကို Duub CLub TV2 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာ ၁၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃၀ စက္ကန့်နီးပါးရှိတဲ့ မွေထိုင်းလက်ဝှေ့ပွဲဟောင်း ဗီဒီယိုဖိုင်ကို အသုံးပြုပြီး 'သွေးသစ်ဝင်းလှိုင်နဲ့ ရော့ထန်ရဲ့ ရှားပါးပွဲဟောင်းလေး' ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ပါ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
သွေးသစ်ဝင်းလှိုင်ဟာ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်း၊ စိုးလင်းဦးနှင့် ရာမာန်တို့ကို အနိုင်ယူ ထားသူဖြစ်ပြီး သပြေညိုကို ရှုံးပွဲတစ်ပွဲသာ ရှိထားသူ ဖြစ်ပေမယ့် ONE Championship မှာ ၂ ပွဲ ကစားခဲ့ပြီး ၂ ပွဲလုံး ရှုံးနိမ့်ထားပါတယ်။
သွေးသစ်ဝင်းလှိုင်ဟာ ONE မှာ ဒုတိယနဲ့ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပြိုင်ဘက် ဥဇဘတ်ကစ္စတန် နိုင်ငံသား မာလွန်ဘတ်ခါခိုရော့ ကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ONE မှာ ပထမ ပွဲအဖြစ် မွေထိုင်းဖိုက်တာ ခွန်ဆတ်နဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
သွေးသစ်ဝင်းလှိုင် နဲ့ နာမည်ကြီး မွေထိုင်းလက်ဝှေ့ ချန်ပီယံ ရော့ထန်တို့ တခါမှ ယှဉ်ပြိုင်ခဲ့ဖူးတာ မရှိပါဘူး။
လက်ရှိမှာ ပြည်တွင်း ရိုးရာလက်ဝှေ့အကျော်အမော် သွေးသစ်ဝင်းလှိုင်အနေနဲ့ ကျန်းမာရေးအခြေအနေကြောင့် လက်ဝှေ့ လောကကနေ ယာယီအနားယူထားတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ အတွင်းက သတင်းတွေ ထွက်ထားပါတယ်။
ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။