HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရွေး/ကော် ကိုဒေါ်အောင်ဆန်းစုကြည်ကြိမ်းမောင်းတယ်ဆိုတဲ့သတင်းအမှား

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကြိမ်းမောင်းတဲ့ video တစ်ခု လူမှုကွန်ရက်ပေါ်မှာပျံနှံ့နေပါတယ်။

By - Boom Live Myanmar | 30 Nov 2020 9:40 AM GMT

ဒီဗွီဒီယိုဖိုင်ကို စစ်ငြိမ်းမိုး စစ်ငြိမ်းမိုး ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး "UEC ဖျက်သိမ်းပြီး မဲမသမာမှု တွေ အတွက် တာဝန်ရှိသူ တွေကို အ ရေးယူ လွတ်လပ်ပြီး တရားမျှတ သော ရွေးကောက်ပွဲ ပြန်ကျင်းပ ဖို့ဆိုရင် အချိန် တစ်ခု တော့ လိုလိမ့်မယ်။ ခြေ /ဥ ဖျက်စရာ မလိုပါ ပုဒ်မ ၄၁၇ နဲ့ အ ရေးယူပြီး ရွေးကောက်ပွဲ တစ်ခု ပြန်လည် ကျင်းပ ပေး ရန်သာ ရှိပါတယ်။ အခု အကုန်သိမှာ ဘွားတော် UEC ကို ကြိမ်းမောင်းတဲ့ မူဗီ ထွက် နေ ပြန်ပါတယ်။ မသမာ မှု အတွက် သက်သေ တွေက အများကြီးပါ။ မြန်မာပြည် အေးချမ်းပါစေ ကဲ...ဘာငြင်းချင်သေးလဲ အောက်မှာ vd ရုပ်သံဖိုင်" ဆိုပြီး တစ်မိနစ်ခွဲခန့် ကြာမြင့်တဲ့ ဗွီဒီယိုဖိုင် တစ်ခုနဲ့ အတူ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ဗွီဒီယိုဖိုင်ထဲမှာတော့ "နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ နာယကကြီး ဦးတင်ဦးအိမ်ကို သွားရောက်ကန့်တော့ခဲ့ပါတယ်။ ဒီလိုကန့်တော့အပြီးမှာ ဦးတင်ဦးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ စကားပြောဆိုခဲ့ကြပါတယ်။ ဒီလိုပြောဆိုရာမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အန်ကယ်ရုံးကိုသွားရင် ရွေးကောက်ပွဲအတွက် အလုပ်လုပ်နေကြလားလို့ မေးခဲ့ပါ။ ရွေးကောက်ပွဲ မနိုင်ရင်တော့ အသိပဲလို့ ပြောဆိုခဲ့ပါတယ်။" ဆိုပြီး နောက်ခံ စကားပြောနဲ့ အတူ အကုန်သိ သတင်းဌာန ရဲ့ သတင်းတစ်ပုဒ်ကို ဖြတ်ပြီး ပိုစ့်တင်ခဲ့တာပါ။

ရေးသားဖြန့်မှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီသတင်းနဲ့ ပါတ်သတ်ပြီး သတင်းဆန်းစစ်ချက် ပြုလုပ်ရာမှာ ဗွီဒီယိုဖိုင်ထဲမှာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပြောဆိုချက်များဟာ မှန်ကန်တယ် ဆိုပေမယ့် ဒါဟာ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီခင်ကမှာ သွားရောက်ကန်တော့ထားတာတော့ မဟုတ်ပါဘူး။ ဗွီဒီယိုဖိုင်ကိုကြည့်ရင် ပါဝင်တဲ့ သူအားလုံး တစ်ဦးတစ်ယောက်မှ ကိုဗစ်ရောဂါကာကွယ်နိုင်တဲ့ မျက်နှာဖုံး၊ မျက်နှာအကာကယ်နဲ့ လက်အိတ်တွေ ဝတ်ဆင်ထားခြင်း မရှိတာကို တွေ့ရမှာပါ။

ဒါကိုကြည့်ခြင်းအားဖြင့် ဖြန့်ဝေမှုမှာ ရေးသားထားသလို ဒီနေ့မနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ နာယကကြီး ဦးတင်ဦးအိမ်ကို သွားရောက်ကန့်တော့ခဲ့ပါတယ်ဆိုတဲ့ အချက်နဲ့ UEC ကို ကြိမ်းမောင်းတယ် ဆိုတာ ယခင်က ဗွီဒီယိုအဟောင်းကို နားလည်မှုလွဲစေနိုင်တဲ့ခေါင်းစဉ်တပ်ပြီး ပြန်လည်ဖြန့်ဝေထားတာပဲဖြစ်ပါ ။ 

Related Stories