HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အသံတိတ်သပိတ်ကို ရက်ရွေ့တယ်ဆိုတဲ့ ကြေညာချက်အတု

နာမည်နဲ့ အာဏာသိမ်းမှု နှစ်ပတ်လည်ပြည့် လူထုလှုပ်ရှားမှုဖြစ်တဲ့ အသံတိတ်သပိတ်ကို ရက်ရွှေ့ဆိုင်းကြောင်းရေးသားထားတဲ့ ကြေညာချက်အတုတွေ လူမှုကွန်ရက်ပေါ်ပျံ့နှံ့လျက်ရှိနေပါတယ်။

By - Boom Live Myanmar | 30 Jan 2022 10:35 AM GMT

အဆိုပါ ကြေညာချက်အတုတွေဟာ NUG နဲ့ CRPH တို့ရဲ့ ထုတ်ပြန်ချက်ပုံစံ ပြုလုပ်ထားပြီး ၎င်းကြေညာချက်ထဲမှာ "Slience Strike (အသံတိတ်သပိတ်) ပြုလုပ်မည့်နေ့အား ဆိုင်းငံ့ရန် ကြေညာချက် ထုတ်ပြန်ခြင်း" လို့ ခေါင်းစဉ်တပ်ထားပါတယ်။ အဆိုပါ ကြောညာချက်အတွင်းမှာတော့ အသံတိတ်သပိတ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြုလုပ်မယ်လို့ သတ်မှတ်ထားပေမယ့် စစ်ကောင်စီက အသံတိတ်သပိတ်ပြုလုပ်မယ့် ပြည်သူတွေကို ကြိုတင်ဖမ်းဆီးခြင်း၊ ဆိုင်တွေကို ချိတ်ပိတ်ခြင်းပြီး နိုင်ငံတော်ပိုင်အဖြစ် သိမ်းခြင်းတို့ကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ ရေးသားထားပါတယ်။

အဆိုပါ စာထဲမှာ "ယခင်ကြေညာထားသည့် ၁-၂-၂၀၂၂ Silence Strike (အသံတိတ်သပိတ်) ပြုလုပ်မည့်နေကအဖြစ် သတ်မှတ်ထားခြင်းအား နောက်သို့ ရွှေ့ဆိုင်း၍ ပြုလုပ်မည့်ရက်အား အကြမ်းဖက်စစ်ကောင်စီ၏ အခြေအနေကိုကြည့်၍ သီးခြားထုတ်ပြန်ကြေညာပေးသွားပါမည်" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေ ပေ့ချ်အတုတွေနဲ့ ထပ်ဆင့်မျှဝေခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

သတင်းဆန်းစစ်ချက်

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် အသံတိတ် သပိတ်ကို ရက်ရွှေ့ဆိုင်းဖို့ NUG နဲ့ CRPH က ပြောထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

အသံတိတ်သပိတ်နဲ့ ပတ်သက်ပြီး NUG ရော၊ CRPH ရော ရက်ရွေ့ဆိုင်းဖို့ ထုတ်ပြန်ထားတာ မရှိပါဘူး။ NUG နဲ့ CRPH ရဲ့ ထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေကို ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေဖြစ်တဲ့ ဒီမှာ နဲ့ ဒီမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

ဒါ့အပြင် ၎င်း သတင်းအတုနဲ့ ပတ်သက်ပြီး NUG အစိုးရရဲ့ TV ရုပ်သံလိုင်းဖြစ်တဲ့ PVTV သတင်းဌာနကလည်း ဒီထုတ်ပြန်ချက် ၂ စောင်ဟာ သတင်းအမှားဖြစ်ကြောင်း အတည်ပြုထားပါတယ်။ PVTV က ဒီထုတ်ပြန်ချက်တွေကို သတင်းအမှားအဖြစ် ကြေညာထားတဲ့ Link ကို ဒီနေရာမှာ ကြည့်ပါ။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်အတုတွေ ဖြစ်တာကို တွေ့ရပြီး NUG ၊ CRPH နဲ့ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့တွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories