သတင်းအတု

ဂျိုးဘိုက်ဒန်က အမျိုးသမီးကြီးတစ်ဦးကို သေနတ်နဲ့ထောက်ထားတယ်ဆိုတဲ့ ဓါတ်ပုံအတု

အမေရိကန် သမ္မတ ဂျိုးဘိုက်ဒန်က အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ချိန်ထားတဲ့ ဓါတ်ပုံအတုတစ်ပုံ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 26 Jun 2024 5:45 PM IST

ဂျိုးဘိုက်ဒန်က အမျိုးသမီးကြီးတစ်ဦးကို သေနတ်နဲ့ထောက်ထားတယ်ဆိုတဲ့ ဓါတ်ပုံအတု

အဆိုပါ ဓါတ်ပုံဟာ ယခင်နှစ်တွေကလည်း ထွက်ပေါ်ခဲ့ဖူးပြီး ဒီရက်ပိုင်းထဲ လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ပြန်လည်ဖြန့်ဝေလာတာကို တွေ့ရပါတယ်။ ၎င်းဓါတ်ပုံထဲမှာ သမ္မတဂျိုးဘိုက်ဒန်က အမျိုးသမီးကြီးတစ်ဦးရဲ့ ပါးစပ်ထဲကို သေနတ်ထည့်ကာ အနီးကပ် ချိန်ထားတဲ့ပုံဖြစ်ပါတယ်။ ဒီဓါတ်ပုံထဲမှာ ဘိုက်ဒန်ရဲ့ လက်တစ်ဖက်က အမျိုးပါ အမျိုးသမီးရဲ့ လက်ကို ကိုင်ထားကာ ကျန်လက်တစ်ဖက်က ပါးစပ်ထဲ သေနတ်ထိုးထည့်ကာ ချိန်ထားခြင်း ဖြစ်ပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

အမေရိကန် သမ္မတ ဂျိုးဘိုက်ဒန်က အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ချိန်ထားတဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Photoshop နဲ့ ပြုပြင်ပြီးနောက်ပြောင် ဖြန့်ဝေထားတဲ့ ဓါတ်ပုံအတုဖြစ်တာကို တွေ့ရပါတယ်။

အဆိုပါ မူရင်း ဓါတ်ပုံဟာ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ Website တစ်ခုမှာ ရောင်းဖို့ တင်ထားတဲ့ Stock ဓါတ်ပုံတစ်ပုံဖြစ်ပြီး ဓါတ်ပုံထဲမှာ အမျိုးသမီးကြီးက ပါးစပ်ဟကာ ရယ်မောနေပြီး ဘိုက်ဒန်က ၎င်းအမျိုးသမီးကို စကားပြောရင်း လက်ညိုးထိုးထားတဲ့ ပုံဖြစ်ပါတယ်။


၎င်းဓါတ်ပုံကို Photoshop နဲ့ ပြုပြင်ကာ မကြာခဏ နောက်ပြောင်ဖြန့်ဝေလေ့ရှိကာ ၂၀၁၂ ခုနှစ်ကနေ အခု ၂၀၂၄ ခုနှစ်ထိ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Tags:

Related Stories