သတင်းအတု

မြန်မာငွေ ၃ သိန်းအထက် လက်ဝယ်ကိုင်ဆောင်ရင် အရေးယူခံရမယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ မြန်မာငွေ ကျပ် ၃ သိန်းအထက် လက်ဝယ်ကိုင်ဆောင်ရင် အရေးယူခံရမယ်ဆိုတဲ့ သတင်းအမှားတွေပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar | 22 Jun 2021 7:39 AM IST

မြန်မာငွေ ၃ သိန်းအထက် လက်ဝယ်ကိုင်ဆောင်ရင် အရေးယူခံရမယ်ဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအမှားကို ဇွန်လ ၁၆ ရက်နေ့ခန့်က လူမှုကွန်ယက်ပေါ် စတင်ပျံနှံ့ခဲ့တာ ဖြစ်ပါတယ်။ ၎င်းသတင်းအမှားကို ရေးသားဖြန့်ဝေရာမှာ စစ်တပ်ပိုင် မြဝတီ TV channel က သတင်းကြေငြာတဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး "မြန်မာငွေကျပ် (၃)သိန်းနှင့်အထက်အား လက်ဝယ်ကိုင်ဆောင်ခြင်း(သို့မဟုတ်)သိမ်းဆည်းခြင်းများမပြုလုပ်ရ။ MWD မှ အမိန့်ထုတ်ပြန်သည်" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

မြန်မာငွေ ၃ သိန်းအထက် ကိုင်ဆောင်ထားသူတွေကို အရေးယူမယ်လို့ မြဝတီ TV က ကြေငြာသွားတယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

အဆိုပါ သတင်းဖြန့်ဝေမှုလိုမျိုး ငွေကြေးတွေ တွေပိုမိုကိုင်ဆောင်ရင် အရေးယူမယ်ဆိုတဲ့ သတင်းအမှားတွေကလည်း မကြာခဏ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒီအကြောင်းအရာကို မြဝတီသတင်းဌာနအပါအဝင် တခြားမည်သည့် သတင်းဌာနကမှ သတင်းထုတ်ပြန်ထားခြင်း မရှိသလို မည်သည့်အဖွဲ့အစည်း၊ မည်သည့် လူပုဂ္ဂိုလ်ကမှ ပြောဆိုထားခြင်း မရှိပါဘူး။

Tags:

Related Stories