HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဝဏ္ဏမောင်လွင် လေဆိပ်မှာ လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးရာဝန်ကြီး ဝဏ္ဏမောင်လွင် လေဆိပ်မှာ လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒဒေီရက်ပိုင်းထဲ ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 18 Aug 2022 3:34 PM GMT

အဆိုပါ သတင်းအမှားကို New Update ဆိုတဲ့ Page တစ်ခုက ဩဂုတ်လ ၁၅ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ Video တစ်ပုဒ်အသုံးပြုထားပါတယ်။ ၎င်း Video ဟာ ၁၀ မိနစ်ခွဲခန့် ကြာမြင့်ပြီး Video ရဲ့ ခေါင်းစဉ်ပုံမှာ  "DVB အတည်ပြုလိုက်ပြီ။ ဦးဝဏ္ဏမောင်လွင် လေဆိပ်မှာ လုပ်ကြံခံရ။ ဝန်ကြီး ၂၅ ဦး ထွက်ပြေး" ဆိုတဲ့ စာကို ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ "လေဆိပ်မှာ သွေးချောင်းစီးပြီ" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို Facebook ပေါ်မှာ ဝင်ရောက်ကြည့်ရှု့သူ ၄ သိန်းကျော်နဲ့ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့သူ ၁၃၀၀၀ ကျော်ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် လေဆိပ်မှာ လုပ်ကြံခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ စစ်ကောင်စီ ဝန်ကြီး ဝဏ္ဏမောင်လွင်ဟာ လုပ်ကြံခံရခြင်း မရှိသလို ဒီအကြောင်းအရာကို မည်သည့် သတင်းဌာနကမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက ၎င်းတို့သတင်းဝင်ရောက် ကြည့်ရှု့သူများအောင် လိမ်ညာရေးသားပြီး ခေါင်းစဉ်တပ်ထားတာ ဖြစ်ပါတယ်။

Video ရဲ့ ခေါင်းစဉ်မှာတော့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး လုပ်ကြံခံရတယ်လို့ ဖော်ပြထားပေမယ့် Video ရဲ့ အတွင်းမှာတော့ "အိန္ဒိယအစိုးရထံ ဝဏ္ဏမောင်လွင် ဆက်သွယ်တဲ့ လျိုဝှက်စာ၊ မွေးမြူရေး ဒုဝန်ကြီး နေပြည်တော်ခရီးစဉ် လျိုဝှက်စာနဲ့ ဝမ်းတွင်းမှာ စစ်သားများမိုင်းစွဲခံရမှု ကြေးနန်းစာများ ခေတ်သစ်မီဒီယာက ဖော်ပြခဲ့မှု ဝန်ထမ်း ၁၀၀ နီးပါး ဖမ်းဆီးစစ်ဆေးခံရတဲ့ သတင်း၊ စစ်ဘေးသင့်ပြည်သူများနဲ့ ပြည်သူ့တပ်ဖွဲ့များအတွက် ကျင်းပတဲ့ ဆောင်းဦးလှိုင်ရဲ့ တေးဂီတဖျော်ဖြေပွဲမှာ ဒေါ်လာ ၅ သောင်းကျော် ရံပုံငွေရရှိ၊ အမေရိကန်မှာ ရန်ပုံငွေ သီချင်းသီဆိုမှု ဆောင်းဦးလှိုင် ရပ်နားတော့မည် ဆိုတဲ့သတင်း.." စတဲ့ သတင်းအကြောင်းအရာတွေသာ ပါဝင်ပါတယ်။ လေဆိပ်မှာ သွေးချောင်းစီးတယ်ဆိုတဲ့ အကြောင်းအရာနဲ့ လုပ်ကြံခံရမှုတွေ မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ဝင်ရောက်ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာတဲ့ Clickbaits သတင်းတွေ ဖြန့်ဝေနေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories