HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

US စစ်သား ၅ သိန်း မြန်မာပို့ဖို့ အမေရိကန် သမ္မတဆုံးဖြတ်တယ်ဆိုတဲ့ သတင်းအတု

US စစ်သား ၅ သိန်း မြန်မာပို့ဖို့ အမေရိကန် သမ္မတဆုံးဖြတ်လိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 23 Nov 2022 11:07 AM GMT

အဆိုပါ သတင်းအတုကို Shristi Bhavalakar ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က တင်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ ၎င်း Video ရဲ့ နောက်ခံ ဓါတ်ပုံမှာ အမေရိကန် သမ္မတ ဂျိုးဘိုက်ဒန်ရဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ " ၁၆ ရက်နေ့ မြန်မာအရေး သမ္မတကြီး ခေါင်းခဲပြီ။ US စစ်သား ၅ သိန်း မြန်မာကို ပို့ဖို့ ဆုံးဖြတ်" လို့ ရေးသားထားပါတယ်။

ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ "မြန်မာအရေး US သမ္မတကြီး ခေါင်းခဲပီ" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ  ၊ ဒီနေရာ နဲ့ ဒီနေရာမှာာ  ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၂၁၀၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၉၀၀ ကျော်ရှိကာ ဝင်ရောက်ကြည့်ရှု့ထားသူ ၃ သိန်းခွဲကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

US စစ်သား ၅ သိန်း မြန်မာနိုင်ငံကို ပို့ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုက်ဒန်က ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အမေရိကန်က စစ်သားတစ်ဦးတစ်ယောက်မှ ပို့ဆောင်ပေးခြင်း မရှိသလို စစ်သား ၅ သိန်းပို့မယ်လို့လည်း ပြောကြားထားခြင်း မရှိပါဘူး။ ဒီသတင်းအတုဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်မှာ လိမ်ညာရေးသားထားတဲ့ Clickbaits သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန် သမ္မတက စစ်သာ ၅ သိန်း မြန်မာပြည်ကို ပို့ပေးမယ်လို့ Video ပေါ်မှာ ရေးသားထားပေမယ့် ၎င်း Video အတွင်းမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာတော့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးအကြောင်း ပြောထားတဲ့ သတင်းတစ်ပုဒ်က နောက်ခံအသံကို အသုံးပြုထားတာ ဖြစ်ပါတယ်။

အဆိုပါ သတင်းထဲမှာ အမေရိကန်က စစ်သား ၅ သိန်းပို့မယ်ဆိုတဲ့ အကြောင်းအရာ တစ်ခုမှ မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေကို လိမ်ညာရေးသားထားတဲ့ Clickbaits သတင်းတွေ ဖြန့်ကာ ဝင်ငွေရှာနေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories