HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နိုင်ငံတကာဥပဒေအရ စစ်တပ်ကို ထိန်းချုပ်လိုက်ပြီလို့ အမေရိကန် ကြေညာတယ်ဆိုတဲ့ သတင်းအတု

နိုင်ငံတကာ ဥပဒေအရ စစ်တပ်ကို ထိန်းချုပ်လိုက်ပြီလို့ အမေရိကန် ကြေညာတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 27 March 2023 3:33 PM GMT

အဆိုပါ သတင်းအမှားကို The Mercerneries ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၂၂ ရက်နေ့မှာ ရေးတင်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၇ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ အောက်ခြေမှာ “နိုင်ငံတကာ ဥပဒေအရ စစ်တပ်ကို ထိန်းချုပ်လိုက်ပြီဟု အမေရိကန်ကြေညာ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါ ရေးသားမှုအတိုင်း စစ်တပ်ကို အမေရိကန်က ထိန်းချုပ်လိုက်ပြီလို့ ဖော်ပြထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဝင်ရောက်ကြည့်ရှု့ထားသူ ၁ သောင်းကျော်ရှိကာ နောက် Facebook ပေ့ချ်တစ်ခုက ဖြန့်ဝေထားတဲ့ Video ကို ဝင်ရောက်ကြည့်ရှု့သူ ၁၆၀၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

နိုင်ငံတကာဥပဒေအရ စစ်တပ်ကို အမေရိကန်က ထိန်းချုပ်လိုက်ပြီလို့ ကြေညာထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

အမေရိကန်က စစ်ကောင်စီတပ်ကို ထိန်းချုပ်လိုက်ပြီလို့ ကြေညာထားခြင်းမရှိသလို မည်သည့် အဖွဲ့အစည်းကမှလည်း ထုတ်ဖော်ကြေညာ ပြောဆိုထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေကသာ လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းတို့တင်ထားတဲ့ သတင်းအမှား Video ထဲမှာလည်း အဆိုပါ အကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ တစ်ခြားဆောင်းပါး တစ်ပုဒ်ကို သာဖော်ပြထားပြီး စစ်တပ်ကို အမေရိကန်က ထိန်းချုပ်တဲ့အကြောင်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူအရေအတွက် များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories