HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ဘေးရှောင်တွေအတွက် ဦးသိန်းစိန် မှတ်ချက်ပြုသယောင်ဖြန့်ဝေတဲ့သတင်းတု

စစ်ဘေးရှောင်တွေအတွက် သမ္မတဟောင်း ဦးသိန်းစိန်က ပြောထားတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းအတုတစ်ပုဒ် းီရက်ပိုင်းထဲဖြန့်ဝေလာကြပါတယ်။

By - Boom Live Myanmar | 15 April 2023 4:22 PM GMT

အဆိုပါ ခေါင်းစဉ်မျိုးနဲ့သတင်းတုကို PKS Channel ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဧပြီလ ၅ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ခွဲခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ သမ္မတဟောင်း သိန်းစိန်ရဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “စစ်ဘေးရှောင်တွေအတွက် ဦးသိန်းစိန် ပြောပြီ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း “သိန်းစိန်ဒဲ့ပြောပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို Like လုပ်ထားသူ ၁၄၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၄ သိန်းခွဲနီးပါးရှိကာ YouTube ပေါ်မှာလည်း ဝင်ရောက်ကြည့်ရှု့ထားသူများစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး သမ္မတဟောင်း ဦးသိန်းစိန်က ပြောထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ ၎င်းတို့ရဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို တက်ရောက်လာတဲ့ သမ္မတဟောင်းဦးသိန်းစိန်၊ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဟောင်း ဦးတင်အေးအပါအဝင် စစ်တပ်က အငြိမ်းစားအရာရှိကြီး ၁၉ ဦးနဲ့ ဇနီး ၇ ဦးတို့ကို အဆိုပါ မတ်လ ၂၇ ရက် နေ့လယ်ပိုင်းမှာ တွေ့ဆုံပြီး ကန်တော့ ခဲ့ပါတယ်။

ဒီလို ကန့်တော့ပြီးလက်ဆောင်တွေပေးအပ်ခဲ့တဲ့အတွက် စစ်ကောင်စီအရာရှိဟောင်းတွေနဲ့ သမ္မတဟောင်းတို့က ဩဝါဒ စကားပြန်ပြောကြာခဲ့ပါတယ်။ ဒီပြောကြားမှုမှာ စစ်ဘေးရှောင်တွေ အကြောင်းမပါဝင်ပါဘူး။

ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အထဲမှာ တစ်ခြားသတင်းတွေ မြန်မာပြည်အရေး သုံးသပ်ချက်တွေသာ ပါဝင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ၊ နောက်ခံဓါတ်ပုံတွေနဲ့ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရအောင်ဖန်တီးထားတဲ့ Cilckbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories