HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဆူးလေခုံးကျော်တံတားမှာ ဗုံကွဲပြီး ရဲတွေသေဆုံးသွားတယ်ဆိုတဲ့ သတင်းအတု

ရန်ကုန် မြို့လည်ခေါင်က ဆူးလေခုံးကျော်တံတားမှာ ဗုံး (၂) လုံးပေါက်ကွဲပြီး ရဲ (၈) ဦးသေဆုံးသွားတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 10 Sep 2023 10:37 AM GMT

အဆိုပါ သတင်းအတုကို စက်တင်ဘာလ ၂ ရက်နေ့က YouTube ချန်နယ်တစ်ခုက ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ခွဲနီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ မီးတွေ လောင်ကျွမ်းနေတဲ့ ဓါတ်ပုံတစ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ဆူးလေဂုန်းကျော်တံတား ဗုံး (၂) လုံးပေါက်ကွဲမှု၊ ရဲအုပ်နဲ့အတူ (၈) ဦးပွဲချင်းပြီးသေဆုံး” (သတ်ပုံ မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ YouTube Video ကို ဝင်ရောက်ကြည့်ရှုထားသူ ၇၀၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ရန်ကုန် မြို့လည်ခေါင်က ဆူးလေခုံးကျော်တံတားမှာ ဗုံး (၂) လုံးပေါက်ကွဲပြီး ရဲ (၈) ဦးသေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးတဲ့အချိန်ကနေ အခုချိန်ထိ ရန်ကုန်မြို့ ဆူးလေခုံးတံတားမှာ ဗုံးပေါက်ကွဲတဲ့ဖြစ်စဉ် မရှိသေးပါဘူး။ အဆိုပါ ခုံးတံတားမှာ ဗုံး ၂ လုံးပေါက်ကွဲပြီး ရဲ့ (၈) ဦးသေဆုံးသွားတယ် ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာဖြစ်ပြီး ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းကမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။

ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အတွင်းမှာ “ကရင်နီပြည်နယ်ရှိ စစ်သား၊ ရဲများ အချိန်မီ CDM ပြုလုပ်ရန် KNPP သတိပေး တိုက်တွန်း” ဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories