HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရွှေတိဂုံစေတီတော်ရှိ အရံစေတီတော်များဖြိုချတယ်ဆိုတဲ့ သတင်းအမှား

ရွှေတိဂုံစေတီတော် အလယ်ပစ္စယံရှိ အရံစေတီတော်များကို ဖြိုချဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းအမှားတွေကို လူမှုကွန်ရက်ပေါ်မှာဖြန့်ဝေလျက်ရှိနေပါတယ်။

By - Boom Live Myanmar | 28 Nov 2020 12:59 PM GMT

ဒီသတင်းကို မင်းဟိန်းချို ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ နိုဝင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်မှာ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ အများအပြားလည်း ရှိခဲ့ပါတယ်။

ရေးသားဖြန့်ဝေရာမှာ "ရွှေတိဂုံဘုရားပိတ်ထားခြင်း မှာအခြားမဟုတ် ဘုရားအလေးချိန်များ၍ ပြိုကျပျက်စီးမှာစိုးသည်ဟု အကြောင်းပြကာ အလယ်ပစ္စယံရှိ အရံစေတီတော်များကို ဖြိုချဖျက်ဆီးနေခြင်းကြောင့် ဖြစ်ကြောင်းသတင်းရ" ဆိုပြီး ရေးသားထားတာပါ။

ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီသတင်းနဲ့ ပါတ်သတ်ပြီး BOOM က ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာ ဂေါပကအဖွဲ့ဝင် ဦးသန်းဇော်က "ဒါဖြစ်နိုင်မလားဗျာ။

ဘုရားဆိုတာ တည်ပြီး ပြန်ဖျက်လိုက် ဆောက်လိုက် လုပ်နေလို့ရတာမှ မဟုတ်တာ။ လေမုန်တိုင်းတို့ တခြားသဘာဝဘေးအန္တရယ်တွေကြောင့်ဆို တမျိုးပေါ့။ ဒီသတင်းက လုံးဝ မဟုတ်ပါဘူး" လို့ ပြန်လည်ဖြေဆိုထားပါတယ်။

ဘုရားတွေ ဖြိုတယ်၊ ဖျက်တယ်ဆိုတဲ့ သတင်းတု သတင်းမှားတွေကို လူမှုကွန်ရက်ပေါ်မှာ မကြာခဏဖြန့်ဝေရေးသားလေ့ရှိကြပါတယ်။ ပြီးခဲ့တဲ့ မေလ အတွင်းကလည်း ဗိုလ်တထောင်ဘုရားပတ်လည်မှာရှိတဲ့ အရံစေတီတွေအားလုံး

ဖြိုချတယ်ဆိုပြီး ရေးသားဖြန့်ဝေခဲ့တဲ့အတွက် BOOM က သတင်းဆန်းစစ်မှု ပြုလုပ်ခဲ့ပါသေးတယ်။


သတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

Related Stories