HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီကို လေယာဉ်ဆီ ဖြတ်တောက်လိုက်ပြီဆိုတဲ့ သတင်းအတု

အာဏာသိမ်းစစ်ကောင်စီတပ်တွေကို လေယာဉ်ဆီ မရောင်းဖို့ ပိတ်ဆို့ အရေးယူလိုက်ပြီဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 30 Jan 2023 10:52 AM GMT

အဆိုပါ သတင်းအတုကို The News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇန်နဝ်ရီလ ၂၉ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံကို နောက်ခံပြုလုပ်ပြီး ဓါတ်ပုံပေါ်မှာ “လေယာဉ်ဆီ ဖြတ်တောက်လိုက်ပြီ။ စစ်ကောင်စီ ထိပ်တန်း ၆ ဦး ၃ ပါတ်အတွင်း ဖမ်းဆီးရန် အမိန့်ချ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာတော့ “၂၉ ရက်နေ့ နိုင်ငံတကာ သတင်းစာမှာ ဖမ်းဝရမ်းပါလာပြီ” လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို Like လုပ်ထားသူ ၁၇၀၀ ကျော်ရှိကာ ဝင်ရောက်ကြည့်ရှု့ထားသူ ၄၈၀၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီတပ်တွေကို နိုင်ငံတကာက လေယာဉ်စီဖြတ်တောက်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေကို လေယာဉ်ဆီ မရောင်းဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက မကြာခဏ တောင်းဆိုလို့ရှိပြီး စစ်ကောင်စီနဲ့ အကျိုးစီးပွားစပ်ဆပ်နေတဲ့ နိုင်ငံတွေကတော့ အခုချိန်ထိ လေယာဉ်ဆီရောင်းချတာ၊ လက်နက်ရောင်းချတာတွေ ပြုလုပ်နေဆဲသာ ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်း သတင်းအမှားထဲမှာ ရေးသားထားသလို စစ်ကောင်စီထိပ်တန်း ဗိုလ်ချုပ် ၆ ဦးကို ၃ ရက်အတွင်းဖမ်းဆီးဖို့ အမိန့်ချထားတယ်ဆိုတဲ့ အကြောင်းအရာကလည်း သတင်းအမှားသာ ဖြစ်ပါတယ်။ နိုင်ငံတကာက စစ်ဗိုလ်ချုပ်တွေကို ပိတ်ဆို့အရေးယူဖို့သာ ပြောကြားမှုရှိပြီး ဖမ်းဝရမ်း ထုတ်ထားခြင်း ဝင်ရောက်ဖမ်းဆီးဖို့ ကြေညာထားခြင်းလည်း မရှိပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်ဝေနေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories