HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ထန်းရည်က မူးယစ်ဆေးထွက်လို့ ထန်းသီးတွေဖျက်ဆီးတယ်ဆိုတဲ့ သတင်းတု

မူးယစ်ဆေးဝါးတွေတိုက်ဖျက်ဖို့ သစ်တောဦးစီးဌာနက ထန်းသီးတွေကို မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 7 July 2021 1:41 PM GMT

အဆိုပါ သတင်းအတုကို "Ministry of Agriculture, Livestock and Forestry" နာမည်နဲ့ ပြုလုပ်ထားတဲ့ page အတုတစ်ခုကနေ စတင်ထားတာ ဖြစ်ပြီး ၎င်းသတင်းအမှားရဲ့ ခေါင်းစဉ်မှာ "မူးယစ်ဆေးအစ ထန်းရည်ကဖြစ်လို့ ထန်းသီးများကို သစ်တောဦးစီးမှမီးရှို့ဖျက်စီး" လို့ ရေးထားပါတယ်။

၎င်းသတင်းအမှားရဲ့ အတွင်းပိုင်းမှာတော့ "မူးယစ်ဆေးများဖြစ်ကြသော WY၊ ၈၈၊ တစ်ခုလို၊ ရေခဲ၊ အသီး၊ ကြယ်သီး၊ ရာမ၊ ရာဘ၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ ၉၂၊ ၉၄၊ ‌မြင်းဆေး၊ ဆေးခြောက်နှင့်အခြား စိတ်ကြွဆေးအမျိုးမျိုး အစရှိသည်တို့ကို လူငယ်များသုံးစွဲမှု လျော့နည်းလာစေရန်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပိုမိုထိရောက်လာစေရန်အတွက် သစ်တောဦးစီးဌာနမှ မူးယစ်ဆေးအမျိုးမျိုးတို့၏ ဇာတ်မြှစ်ကို သုသေသနပြု စမ်းသပ်လေ့လာကြည့်ရာ ထန်းသီးမှထွက်သောထန်းရည်ဖြစ်နေကြောင်းကိုသိရှိခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်နှင့် သစ်တောဦးစီးတို့ပူးပေါင်း၍ ဒေသအသီးသီးရှိ ထန်းပင်များကိုခုတ်လှဲခြင်း၊ ကြွေကျလာသော ထန်းသီးများကို မီးရှို့ဖျက်စီးခြင်းတို့ပြုလုပ်ခဲ့ကြပြီး ရပ်ရွာစာသင်ကျောင်းများတွင် မူးယစ်ဆေးဝါး အန္တရာယ်များကို သိရှိ‌‌လာစေရန် ဟောပြော တိုက်တွန်းခဲ့ကြောင်းသိရသည်။ ထို့အပြင် သစ်တောဦးစီးဌာနမှ ထန်းသီးခူးသူများကို သစ်တောဥပဒေအပါဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာဥပဒေတို့ဖြင့်အရေးယူသွားမည်ဖြစ်ကြောင်း ဒေသခံများကို သတိပေးခဲ့သည်။" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို သစ်တောဦးစီးနာမည်နဲ့ ဖွင့်ထားတဲ့ Page အတုကနေ Like လုပ်ထားသူ ၆၀၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၄၀၀၀ ကျော် ရှိကာ ကူးယူဖော်ပြသူ များစွာလည်း ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

သစ်တောဦးစီးဌာန နာမည်နဲ့ ဖွင့်ထားတဲ့ Page မှာ ရေးသားထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၂၀၂၀ ခုနှစ်က ဓါတ်ပုံအဟောင်းကို အသုံးပြုပြီး ဖြန့်ဝေထားတဲ့ သတင်းအတု ဖြစ်ကြောင်းတွေ့ရပါတယ်။

၎င်းတို့ အသုံးပြုထားတဲ့ ဓါတ်ပုံအဟောင်းဟာ ၂၀၂၀ ခုနှစ်က သာပေါင်းမြို့နယ် သစ်တောဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ မီးငြိမ်းသတ်ရေး နည်းလမ်းတွေကို သရုပ်ပြနေစဉ် ရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်။ အဆိုပါ မီးဘေးအန္တရာယ် သရုပ်ပြနေတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

အဆိုပါ page ဟာလည်း သစ်တောဦးစီးဌာနရဲ့ တရားဝင် Page မဟုတ်ပါဘူး။ သစ်တောဦးစီးဌာန နာမည်ကို အသုံးပြုပြီး ဆင်တူယိုးမှားဖွင့်ထားတဲ့ page အတုဖြစ်တာကို တွေ့ရပါတယ်။ အဆိုပါ Page ဟာ ဂျူလိုင် ၂ ရက်နေ့မှာ နွားလိုင်စင် ဦးစီးဌာန ဆိုပြီး page စဖွင့်ကာ နွားတွေကို လိုင်စင် ထုတ်ပေးနေတယ် ဆိုတဲ့ သတင်းအတု တွေ ဖြန့်ဝေခဲ့ပြီး ဂျူလိုင် ၅ ရက်နေ့မှာ သစ်တောဦးစီး နာမည်ပြောင်းကာ သတင်းအတုတွေ ထပ်မံဖြန့်ဝေထားတာကို တွေ့ရပါတယ်။

ဒီလို သတင်းအတုတွေ တင်လေ့ရှိတဲ့ Page တွေဟာ Page like များအောင် သတင်းအမှားတွေ ဆက်တိုက်တင်လေ့ရှိပြီး Page ကို Like လုပ်ထားသူ များပြားလာတဲ့အခါ တဆင့်ပြန်လည် ရောင်းချတာတွေ၊ လောင်းကစား ပြုလုပ်တဲ့ Page တွေ၊ နိုင်ငံရေး သတင်းအမှားဖြန့်တဲ့ Page တွေအဖြစ် ပြောင်းသွားလေ့ရှိပါတယ်။ 

 


Related Stories