HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေပြည်တော်က စစ်ကောင်စီရုံးချုပ် လက်နက်ကြီးနဲ့ ပစ်ခံရပြီး အကုန်သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတု

နေပြည်တော်က စစ်ကောင်စီရုံးချုပ်လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး အကုန်သေဆုံးသွားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 26 March 2023 4:38 PM GMT

အဆိုပါ သတင်းအတုကို Bro Than ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၁၅ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ မီးလောင်နေတဲ့ အဆောက်အဦးတစ်ခုရဲ့ ပုံကို ဖော်ပြထားပြီး ၎င်းဓါတ်ပုံအပေါ်မှာ “နေပြည်တော် မင်းအောင်လှိုင်တို့ ရုံးချုပ် လက်နက်ကြီးနဲ့ ပစ်ချခံရ။ အကုန်မသာပေါ်” (အသုံးအနှုန်း မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှု့ထားသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

နေပြည်တော်က စစ်ကောင်စီရုံးချုပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး အကုန်သေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

နေပြည်တော် လယ်ဝေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းဖြစ်တဲ့ ခမရ (၆၀၄) ကို နေပြည်တော် PDF က မတ်လ ၁၃ ရက်နေ့မှာ တာဝေးပစ် လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ တပ်ရင်းအတွင်း လက်နက်ကြီးတစ်လုံးကျရောက် ပေါက်ကွဲခဲ့ကာ ကျန် ၃ လုံးကတော့ တပ်ရင်းအနီး ကျရောက် ပေါက်ကွဲခဲ့ကာ ထိခိုက်မှုအသေးစိပ်ကိုတော့ မသိရဘူးလို့ နေပြည်တော် PDF က ပြောထားကြောင်း Myanmar Now သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Myanmar Now သတင်းဌာနက ဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

သတင်းအမှား ဖြန့်ထားတဲ့အဖွဲ့က စစ်ကောင်စီရဲ့ ရုံးချုပ်ကို လက်နက်ကြီးထိပြီး အကုန် သေဆုံးသွားတယ်လို့ ဖြန့်ထားပေမယ့် Video အတွင်းမှာတော့ နေပြည်တော်က စစ်ကောင်စီခြေမြန်တပ်ရင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။ စစ်ကောင်စီရုံးချုပ် ပစ်ခတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရအောင် ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories