သတင်းအတု

စစ်ကောင်စီက အာဏာပြန်လွဲလိုက်ပြီဆိုတဲ့ သတင်းအတု

နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့ စစ်ကောင်စီတပ်က အာဏာပြန်လွဲပေးလိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 31 May 2023 7:48 AM IST

စစ်ကောင်စီက အာဏာပြန်လွဲလိုက်ပြီဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို HD videos ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၂၆ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၀ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့ နေ့စွဲကို ဖော်ပြထားပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က အာဏာပြန်လွဲလိုက်ပြီလို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း “26 May 2023 မအလ အာဏာပြန်လွဲလိုက်ပီ” (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို Like လုပ်ထားသူ ၂၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှုထားသူ ၄၃၀၀ ကျော်ရှိကာ YouTube ပေါ်မှာလည်း ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်က အာဏာပြန်လွဲပေးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ အာဏာဆက်လက် သိမ်းထားဆဲဖြစ်ပြီး မည်သည့်အဖွဲ့အစည်း မည်သူ့ကိုမှ အာဏာကို ပြန်လွဲပေးထားခြင်း မရှိပါဘူး။ ၎င်းကို ဆန့်ကျင်သူတွေကို နှိပ်ကွပ်ဖမ်းဆီးတာတွေ ထောင်ချတာတွေ၊ စစ်ရေးအရ တိုက်ခိုက်တာတွေ ဆက်လက် လုပ်ဆောင်နေဆဲသာ ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အတွင်းမှာ တစ်ခြား သတင်းအကြောင်းအရာတွေ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories