HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီက ဦးသန်းရွှေကို ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအတု

အာဏာသိမ်း စစ်တပ်က စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးတစ်ဦးဖြစ်တဲ့ ဦးသန်းရွှေကို ဖမ်းဝရမ်းထုတ်လိုက်ပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ဒီရက်ပိုင်းထဲထွက်ပေါ်ခဲ့ပါတယ်။

By - Boom Live Myanmar | 8 May 2023 5:20 PM GMT

အဆိုပါ သတင်းအတုကို Video base ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၃ ရက်နေ့ ညပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “ဦးသန်းရွှေကို ဖမ်းဝရမ်းထုတ်လိုက်တဲ့ နစက” လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ဖြန့်ဝေရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို Like လုပ်ထားသူ ၂၂၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၁ သိန်းကျော်ရှိကာ YouTube ပေါ်မှာလည်း ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှု့ထားသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးသန်းရွှေကို စစ်ကောင်စီတပ်က ဖမ်းဝရမ်း ထုတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းလုပ်ရပ်ကြောင့် ၂ နှစ်ကျော်ကာလအတွင်း မတည်ငြိမ်မှုတွေ ပိုမိုဖြစ်ပွားလာတဲ့အတွက် မင်းအောင်လှိုင်ဟာ စစ်ဗိုလ်ချုပ်ဟာင်းတွေ ဖြစ်တဲ့ သန်းရွှေ၊ သိန်းစိန်အပါအဝင် ဗိုလ်ချုပ်ဟောင်း တစ်ချို့ကို သွားရောက် ဂါရဝ ပြုခဲ့ပြီး၊ ဦးသန်းရွှေကလည်း တရုတ် သံအမတ်တွေနဲ့ တွေ့ဆုံမှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီခေါင်းဆောင်ရဲ့ မတည်ငြိမ်မှုတွေ ထိန်းဖို့ ၎င်းရဲ့ ဆရာဟောင်းတွေ၊ စီနီယာတွေကို အကြံတောင်းခံလို ဦးသန်းရွှေ ပြန်လည်ပါဝင်လာတာ ဖြစ်တယ်လို့ သတင်းမီဒီယာအချို့က ဖော်ပြကြပါတယ်။ သတင်းအမှားထဲမှာ ပြောထားသလို ဦးသန်းရွှေကို ဖမ်းဝရမ်းထုတ်ထားခြင်း မရှိပါဘူး။

မေလ ၂ ရက်နေ့က ဦးသန်းရွှေနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Qin Gang တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။ ဒါ့အပြင် သတင်းအမှားရဲ့ ခေါင်းစဉ်မှာသာ ဦးသန်းရွှေကို စစ်တပ်က ဖမ်းဝရမ်းထုတ်တယ်လို့ ဆိုထားပေမယ့် သတင်းအမှား Video ထဲမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှား Video ထဲမှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဦးသန်းရွှေ တွေ့ဆုံခဲ့တဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories