HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

KIA ကို စစ်တပ်နဲ့ UWSA ပူးပေါင်း တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 10 April 2021 8:51 AM GMT

အဆိုပါ သတင်းအမှားကို ဦးဦး ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မတ်လ ၂၁ ရက်နေ့ ၉ နာရီ ၁၁ မိနစ်မှာ ရေးတင်ထားတာ ဖြစ်ပြီး "kia အားတပ်မတော်နဲ့အတူ u.w.s.a တို့မှ သမနေပါသည်" ဆိုတဲ့ စာနဲ့အတူ ဓါတ်ပုံ ၂ ပုံကို တွဲတင်ထားပါတယ်။ ပထမ ဓါတ်ပုံဟာ စစ်တပ်က စစ်ရေးပြ လေ့ကျင့်နေတဲ့ ဓါတ်ပုံဖြစ်ပြီး ကျန်ဓါတ်ပုံဟာ 'ဝ' အဖွဲ့ UWSA က စစ်ရေးပြ လေ့ကျင့်နေတဲ့ ပုံ ဖြစ်ပါတယ်။

အဆိုပါ ဓါတ်ပုံ ၂ ပုံကို သုံးပြီး ရေးသားဖြန့်ဝေထားတဲ့ သတင်းအမှားကို Like လုပ်ထားသူ ၂၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူများ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတဲ့ KIA ကို စစ်တပ်နဲ့ UWSA တို့ ပူပေါင်း တိုက်ခိုက်နေတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှား ဖြစ်ကြောင်း တွေ့ရပါတယ်။

လက်ရှိအချိန်မှာ KIA နဲ့ စစ်တပ်က တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေပေမယ့် "ဝ" အဖွဲ့ UWSA နဲ့ ဝင်ရောက် ပါဝင်ထားခြင်း မရှိသလို စစ်တပ်က နိုင်ငံတော် အာဏာထိမ်းသိမ်းတဲ့ ဖြစ်စဉ်အပေါ် ကန့်ကွန်တာတွေ၊ ထောက်ခံတာတွေလည်း တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိပါဘူး။

အခုရေးသားဖြန့်ဝေမှုဟာ KIA နဲ့ WUSA အဖွဲ့အကြား တင်းမာမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်ထားတဲ့ သတင်းအမှားသက်သက်သာ ဖြစ်ပါတယ်။

Related Stories