HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီခေါင်းဆောင်နဲ့ ဗိုလ်ချုပ် ရှစ်ဦးကို အင်ဒိုနီးရှားမှာ ဖမ်းချုပ်ထားတယ် ဆိုတဲ့ သတင်းအတု

အာဏာသိမ်း စစ်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ် (၈) ဦး အင်ဒိုနီးရှားနိုင်ငံမှာ အဖမ်းခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 16 Sep 2023 3:13 PM GMT

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာမှ ၁၁ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်က တစ်ခြားနိုင်ငံက ခေါင်းဆောင်တစ်ချို့ကို နုတ်ဆက်နေတဲ့ပုံကိုနဲ့ သတင်းကြေညာနေသူ တစ်ဦးပါဝင်တဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “မင်းအောင်လှိုင် နဲ့ ဗိုလ်ချုပ် (၈) ဦး အင်ဒိုနီးရှားမှာ အဖမ်းခံရ၊ အစည်းအဝေး သွားတက်တာ တစ်ခါတည်း ဖမ်းချုပ်ခံရ” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း “မင်းအောင်လှိုင် နဲ့ဗိုလ်ချုပ် ၈ ဉီးကိုအင်ဒိုနီးရှားမှာဖမ်းချုပ်ထား။” လို့ ထပ်မံရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

ဒီ Video ရဲ့ link ကို ဖေ့စ်ဘွတ်ပေါ်မှာလည်း ကူးယူဖော်ပြသူတစ်ချို့ရှိနေပြီး YouTube ပေါ်မှာ ဝင်ရောက် ကြည့်ရှုထားသူ ၈၂၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

အာဏာသိမ်း စစ်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ် (၈) ဦး အင်ဒိုနီးရှားနိုင်ငံမှာ အဖမ်းခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင် အပါအဝင် မည်သူ့ကိုမှာ အင်ဒိုနီးရှားမှာ ဖမ်းချုပ်ထားခြင်း မရှိသလို၊ မည်သည့်နိုင်ငံအတွင်းမှာမှ ဖမ်းချုပ်ထားခြင်း မရှိပါဘူး။ မြန်မာနိုင်ငံအတွင်း ၎င်းရဲ့ နေ့စဉ် လုပ်ငန်းတွေ လုပ်ဆောင်နေဆဲသာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်အဖွဲ့အစည်း၊ မည်သည့်သတင်းဌာနကမှ ကြေညာထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှား Video အတွင်းမှာ စက်တင်ဘာလ ၁၁ ရက်နေ့က ခေတ်သစ်သတင်းဌာနက ဖော်ပြထားတဲ့ “ကြို့ပင်ကောက်တွင် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး” ဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories