HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ICJ က စစ်ကောင်စီခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအတု

ICJ က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို အာဏာဖီဆန်မှုနဲ့ ဖမ်းမိန့်ထုတ်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 24 March 2024 3:56 PM GMT

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မတ်လ ၁၃ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ ICJ တရားရုံးက ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “သူတို့အမိန့်ကို မလိုက်နာတဲ့ မအလကို ICJ ဒေါသထွက်ပြီး အာဏာဖီဆန်မှုနဲ့ ဖမ်းမိန့်ထုတ်။ တစ်နိုင်ငံလုံး အကြီးအကျယ် ပွဲခံနေကြပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ICJ က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို အာဏာဖီဆန်မှုနဲ့ ဖမ်းမိန့်ထုတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့အမှုနဲ့ ပတ်သက်ပြီး ICJ မှာ အမှုက ပြီးပြတ်သေးခြင်း မရှိသေးသလို ICJ က မည်သူ့အမိန့်မှလည်း ချထားခြင်း မရှိသေးပါဘူး။ စစ်ကောင်စီခေါင်းဆောင်ကို ICJ ကရော တစ်ခြားမည်သည့်နိုင်ငံတကာ အဖွဲ့အစည်းကမှ ဖမ်းဝရမ်းထုတ်ထားနိုင်ခြင်း မရှိသေးပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories