HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ယုန်လေး သီချင်းအတွက် PPP ပါတီ ဥက္ကဌက သိန်း ၇၀၀၀ ပေးပြီး ဖန်တီးခိုင်းတယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ အဆိုတော်ယုန်လေး ရဲ့ သီချင်းအပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီးနောက်မှာ အဆိုပါ သီချင်းဖန်တီးမှုနဲ့ပတ်သက်လို့ ထင်မြင်သုံးသပ်ချက်တွေမျိူးစုံရှိနေပါတယ်။

By - Boom Live Myanmar | 7 Aug 2020 3:08 PM GMT

ဒီရက်ထဲမှာပဲ ဒီသီချင်းနဲ့ပတ်သက်လို့ နိုင်ငံရေးပါတီအသစ်တစ်ခုဖြစ်တဲ့ PPP ပါတီက သိန်းပေါင်းများစွာပေးပြီးရိုက်ကူးစေခဲ့တယ်ဆိုတဲ့ အကြောင်းအရာတစ်ခုလည်းထွက်ပေါ်လာပါတယ်။

ဒီအကြောင်းအရာကို Khin lay Sapal ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က သြဂုတ်လ ၆ ရက်နေ့ ည ၆ နာရီ ၅၆ မိနစ်မှာဖြန့်ဝေခဲ့တာပါ။ မူရင်းရေးသာချက်ကိုဖေါ်ပြရရင် "လိုက်နေကြပြီ ....ယုန်လေးကို ဒီသီချင်းကိုဖန်တီးခိုင်းတဲ့စပွန်ဆာဆိုတဲ့ အဓိကတာဝန်ရှိသူ နေပြည်တော်ပျဉ်းမနားက အငြိမ်စားဗိုလ်ချုပ်ကြီးရဲ့သား ကိုစည်သူကျော်(ကိုနောင်)ဆိုသူနဲ့ ရွှေနန်းတော်ရွှေကမ္ဘာကုမ္ပဏီ သက်သက်ခိုင်ကိုယ်တိုင်က ယုန်လေးကို သိန်း ၇၀၀၀ နဲ့ပြည်သူတွေကိုစည်းလုံးရေးသီချင်းဆိုပြီးတော့ ဖွခိုင်းတာ အဲ့သီချင်းမှာ ဦးဝင်းမြိုင်ကလ္ဘက်ရည်ဖိုးသိန်း ၂၀၀ သားညီက သိန်း ၂၀၀ မမို့ကလ္ဘက်ရည်ဖိုး ဘော်ဒါကြေး သိန်း ၂၀၀ ညီနန္ဒလည်း သိန်း၂၀၀ အကုန်မြိုးမြိုးမြက်မြက်လေးယူထားမိကြတော့ မဖော်ရဲကြပေမဲ့ အဘက်ဘက်ကဆင်းရဲမွဲတေနေတဲ့ပြည်သူတွေကိုချစ်တဲ့အနုပညာရှင်တစ်ယောက်က Myanmar Now ကိုတိုက်ရိုက်ဖွင့်ထားတာတွေပေါ်လာဖို့ရှိပါသည်။ အချက်အလက်အစုံကို တရားရုံးက ဆုံးဖြတ်ချက်ချပြီးမှ ဆောင်းပါးအနေနဲ့မီဒီယာတွေဆီကတစ်ဆင့်ဖော်ပြပေးပါမည်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပြီး သတင်းရဲ့ အောက်ဆုံးမှာ "လေးစားလျှက် Ko Tun wai" လို့ ရေးသားဖော်ပြထားပါတယ်။

အဆိုပါ အကြောင်းအရာကို Khin Lay Sapal ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က လူများတဲ့ ဖေ့စ်ဘွတ် Group ဖြစ်တဲ့ နိုင်ငံရေးသတင်းနှင့် စကားဝိုင်းဆိုတဲ့ Group ထဲကို ဖြန့်ဝေထားပြီး လူပေါင်း ၄၀၀ ကျော်က ထပ်ဆင့်ဝေမျှထားကြပါတယ်။

ဒါ့အပြင် ဒီသတင်းအကြောင်းအရာကိုပဲ တခြား ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကလည်း လူများတဲ့ Group ပေါင်းများစွာထဲမှာ ပြန်တင်နေကြပြီး လူပေါင်း သိန်းဂဏာန်းကျော်အထိ အဆိုပါ သတင်းအမှားဟာ ပျံနှံ့နေပါတယ်။


သတင်းဆန်းစစ်ချက်

ယုန်လေးရဲ့ ငါတို့ အားလုံးရဲ့ မြေဆိုတဲ့ သီချင်းကို ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါက်တာဒေါ်သက်သက်ခိုင်က သိန်း ၇၀၀၀ ပေးပြီး ဖန်တီးခိုင်းတယ်ဆိုအကြောင်းအရာနဲ့ပတ်သက်လို့ Boom Myanmar က ဒေါက်တာဒေါ်သက်သက်ခိုင်နဲ့ဆက်သွယ်မေးမြန်းခဲ့ပါတယ်

အဆိုပါ သီချင်းဗွီဒီယိုအပေါ် သိန်း ၇၀၀၀ ထုတ်ပေးထားတယ် ဆိုတဲ့ သတင်းနဲ့ပက်သက်ပြီး "အဲ့ဒီ သတင်းက လုံးဝ မဟုတ်ပါဘူး။ ယုန်လေးဆိုတာ အခုမှ ကြားဖူးတာ။ လူတောင် မမြင်ဖူးဘူး။ အဲ့လိုမျိုး မလုပ်ပါဘူးရှင့်။ ကျွန်မလုံးဝ မပက်သက်ပါဘူးရှင့်" လို့  ဒေါက်တာဒေါ်သက်သက်ခိုင်က Boom Myanmar ကို ပြောပါတယ်။

ယုန်လေးဖန်တီးရိုက်ကူးတဲ့ Music Video လူမှုကွန်ရက်ပေါ်ဖြန့်ဝေပြီး ရက်ပိုင်းအတွင်း ဖန်တီးသူတွေနဲ့ပတ်သက်လို့ ဝေဖန်မှုတွေဆူညံနေသလို ၊ လက်ရှိအချိန်ထိလည်း လူမှုကွန်ရက်ပေါ်မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ အဆိုပါ MTV ထုတ်ဝေဖို့ တပ်မတော်နဲ့ တခြားကျောထောက်နောက်ခံအဖွဲ့အစည်းတွေက အထောက်အပံံတွေရှိထားတယ်ဆိုတဲ့ ပြောဆိုမှုတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပေမယ့်၊ ဒီအချက်နဲ့ပတ်သက်လို့ သက်သေအထောက်အထားခိုင်ခိုင်လုံလုံနဲ့ ရေးသားထောက်ပြမှုတွေတော့ လက်ရှိအချိန်ထိ ပေါ်ထွက်လာခြင်းမရှိသေးပါဘူး။

ဒီလိုစွပ်ဆွဲမှုတွေပေါ်ထွက်လာပြီးနောက်ပိုင်းမှာ မူရင်းဖန်တီးတဲ့ယုန်လေးကိုယ်တိုင်က သြဂုတ်လ ၇ ရက် (ယနေ့ ) ညနေက သူ့ရဲ့ကိုယ်ပိုင်အကောင့်ကနေ့ Live လွှင့်ပြီး ငြင်းဆိုထားသလို အဲ့ဒီနေ့ညဦးပိုင်းမှာလည်းရုပ်ရှင်အစည်းအရုံးမှာ ငြင်းဆိုထားပါတယ်။

ဒီလိုအခြေအနေမှာ ယုန်လေးနဲ့ပတ်သက်ပြီး PPP ပါတီက ငွေသိန်းပေါင်းများစွာထောက်ပံ့တယ်ဆိုပြီးဖြန့်ဝေရေးသားတဲ့အကြောင်းအရာမှာလည်း၊ အထောက်အထား သက်သေတစ်စုံတရာပါဝင်ခြင်းမရှိပါဘူး။ ဒီရေးသားမှုထဲမှာ သီချင်းဗီဒီယိုမှာပါဝင်တဲ့ သရုပ်ဆောင်တွေကို အချိုးကျခွဲဝေပေးထားတယ်ဆိုတဲ့ အချက်တစ်ချက်ထည့်သွင်းရေးသားထားပါတယ်။ ဒါပေမယ့် အဲ့ဒီအချက်နဲ့ပတ်သက်လို့ အဓိကပြောဆိုဖေါ်ထုတ်သူနေရာမှာ ပြည်သူကိုချစ်သော အနုပညာရှင်တစ်ယောက်လို့သာ သုံးနှုန်းထားပြီး အဲ့ဒီ အနုပညာရှင်က Myanmar Now ကိုပြောကြားထားပြီး မကြာခင်မှာဖေါ်ထုတ်ရေးသာဖို့ရှီတယ်ဆိုတဲ့ခန့်မှန်းရေးသားချက်တွေပါဝင်နေပါတယ်။

ရေးသားဖြန့်ဝေခဲ့တဲ့ အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ အကောင့်အများစုဟာ မည်သူ မည်ဝါမှန်း အတိအကျ ဖော်ပြထားခြင်း မရှိတဲ့ အကောင့်ပုန်းများ ဖြစ်တာတွေ့ရသလို အကောင့်အစစ်များ နဲ့ ဝေမျှနေတာကိုလည်း တွေ့ရပါတယ်။ 

 


Related Stories