HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရန်ကုန်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီဆိုတဲ့ သတင်းအတု

ရန်ကုန်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ် ၁၀ ရက်အတွင်း ပြုတ်တော့မယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 24 Feb 2024 12:10 PM GMT

အဆိုပါ သတင်းအတုကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ Naypudaw Khit Thit အမည်နဲ့ YouTube ချန်နယ်တစ်ခုက ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ခွဲကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ ဓါတ်ပုံရယ် လက်နက်ကိုင်အဖွဲ့နဲ့ ခေါင်းဆောင်တွေပါဝင်တဲ့ ဓါတ်ပုံနဲ့ မီးလောင်နေတဲ့ ဓါတ်ပုံတွေ သုံးထားပြီး ဓါတ်ပုံပေါ်မှာ “ရန်ကုန်မြို့သိမ်း ပွဲကြမ်းကုန်ပြီ။ စစ်တပ် ၁၀ ရက်အတွင်း ပြုတ်တော့မယ်ဟု ညီနောင် ၃ ဖွဲ့ ဒဲ့ပြောလို့ လန့်ကုန်ပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီ တပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကနေ အခုချိန်ထိ စခန်းပေါင်းစွာ၊ မြို့ပေါင်းများစွာ အသိမ်းခံထားရပြီး အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။ ရခိုင်ပြည်နယ်မှာလည်း အထိနာနေပြီး စခန်းတွေ မြို့တွေ သိမ်းခံရသလို ကျဆုံးမှုလည်း များပြားလာတဲ့အချိန် လူအင်အားဖြည့်တင်းတဲ့အနေနဲ့ စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပါတယ်။

စစ်မှုထမ်း ဥပဒေကြောင့် ရန်ကုန်မြို့က လူငယ်တွေ နိုင်ငံခြား အမြန်ထွက်ဖို့ ပြင်ဆင်တာတွေ လွတ်မြောက်နယ်မြေသွားဖို့ ပြင်ဆင်နေတာတွေ ရှိပေမယ့် လက်ရှိအချိန်အထိရန်ကုန်မှာတော့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသလို မြို့သိမ်းတိုက်ပွဲ ဖော်ပြဆောင်နေခြင်းလည်း မရှိပါဘူး။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာနမှာမှ ဖော်ပြထားခြင်းမရှိသလို မည်သည့် မည်သည့်အဖွဲ့အစည်းမှာမှ ထုတ်ပြန်ထားခြင်းလည်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories