HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးဖို့ အကြောင်းပေါ်လာပြီဆိုတဲ့ သတင်းအတု

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြန်ပေါ်လာပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 25 Aug 2023 3:13 PM GMT

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၂၄ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၀ မိနစ် နီးပါးကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ နိုင်ငံတကာက အစည်းအဝေးတက်ရောက်နေတဲ့ ဓါတ်ပုံတစ်ပုံရယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို ပူးတွဲ ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၂၄ ရက်နေ့ ညနေ ၂ နာရီခွဲ အထူး ဒေါ်စုပြန်လွတ်ပေးဖို့ အကြောင်းဖန်လာပြီ၊ ပြည်သူများ ပန်းတွေ ယူလာကြပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း “ခွပ်ဒေါင်း ပြန်လွတ်လာပြီ” လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်နဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုထားသူများစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီတပ်တွေရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးဖို့ အကြောင်းပေါ်လာပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားဆဲဖြစ်ပြီး ပြန်လွတ်ပေးဖို့ စီစဉ်ထားခြင်းမရှိပါဘူး။ နိုင်ငံတကာက ပြန်လွတ်ပေးဖို့ မကြာခဏ တောင်းဆိုပေမယ့် စစ်ကောင်စီကတော့ ပြန်လွတ်ပေးခြင်း လုံးဝ မရှိပါဘူး။

ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှား Video ထဲမှာ ဒေါ်စုနဲ့ မတရားဖမ်းဆီးခံထားရသူ အားလုံးလွတ်ပေးဖို့ ကုလ လုံခြုံရေးကောင်စီတောင်းဆို ဆိုတဲ့ သတင်းနဲ့ တစ်ခြားသတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။ ဒီလိုတောင်းဆိုမှုတွေ မကြာခဏ ပြုလုပ်မှုရှိပေမယ့် စစ်ကောင်စီက လွတ်ပေးခြင်း မရှိခဲ့ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories