HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရခိုင်ပြည်နယ်ကို လွတ်မြောက်နယ်မြေအဖြစ် တရားဝင်ကြေညာတယ်ဆိုတဲ့ သတင်းအတု

ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်နယ်ကို လွတ်မြောက်နယ်မြေအဖြစ် တရားဝင်ကြေညာတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 15 April 2023 5:13 PM GMT

အဆိုပါ သတင်းအတုကို Aung Kyaw ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဧပြီလ ၅ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၇ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ AA က စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ တို့ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “ရခိုင်ပြည်နယ်ကို လွတ်မြောက်နယ်မြေအဖြစ် တရားဝင်ကြေညာပြီ။ ရခိုင်ဗိုလ်ချုပ်ကြီးများ မအလကို ဒဲ့စိန်ခေါ်တဲ့ ရုပ်သံ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာတော့ “ဧပြီလ ၅ ရက်နေ့ အထူးသတင်းလာပြီ” လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာ ဝင်ရောက်ကြည့်ရှု့သူ ၅ သောင်းကျော်ရှိပြီး၊ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ ၂ ထောင်နီးပါး ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်နယ်ကို လွတ်မြောက်နယ်မြေအဖြစ် တရားဝင်ကြေညာပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

ဒီသတင်းအမှားဟာ ဧပြီလ ၄ ရက်၊ ည ၇ နာရီက အွန်လိုင်းမှပြုလုပ်ခဲ့တဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF)နှင့် “လွတ်မြောက်နယ်မြေ အကြောင်း အမေးအဖြေ” အစီအစဉ်တခုမှာ ဒေါက်တာညိုထွန်းအောင်ရဲ့ ပြောကြားမှုကို ချဲ့ကားရေးသားပြီး သတင်းအမှားဖြန့်ထားတာ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဒေါက်တာညိုထွန်းအောင်က ၁၄ နှစ်တာကာလအတွင်း ရခိုင်ဒေသရဲ့တစ်စိတ်တစ်ပိုင်းမှာ လွတ်မြောက်နယ်မြေတွေ အတိုင်း အတာ တစ်ခုထိရရှိလာပြီလို့ ပြောနိုင်ကြောင်း၊ ၁၄ နှစ်တာကို ကျော်ဖြတ်ပြီးချိန်မှာ ရခိုင်လူမျိုး တွေအနေနဲ့ လွတ်မြောက်နယ်မြေရဲ့ အရသာရော၊ လွတ်မြောက် နယ်မြေတွေကိုရော အတိုင်းအတာတစ်ခုထိ ရနေပြီဖြစ်ကြောင်း၊ မလွတ်မြောက်သေးတဲ့ နယ်မြေတွေလည်းရှိနေသေးပြီး ဆက်လက်လွတ်မြောက်ဖို့အတွက် ရက္ခိတ လမ်းစဉ်နဲ့ ကြိုးစားနေကြောင်း ပြောဆိုခဲ့ပါတယ်။ ဒေါက်တာညိုထွန်းအောင် ပြောထားတဲ့ အကြောင်းအရာကို ဒီနေရာမှာ ကြည့်ပါ။

ဒေါက်တာညိုထွန်းအောင်ရဲ့ ပြောဆိုမှုမှာ ရခိုင်ပြည်နယ်ကို လွတ်မြောက်နယ်မြေအဖြစ် တရားဝင် ကြေညာခဲ့ခြင်းမရှိသလို Video အတွင်းမှာလည်း လွတ်မြောက်နယ်မြေအကြောင်း အမေးအဖြေ အစီအစဉ်ကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု သူအရေအတွက် များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories