HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

သမ္မတဦးဝင်းမြင့် အမှုတွေအနိုင်ရပြီး လွတ်မြောက်လာပြီဆိုတဲ့ သတင်းအတု

အာဏာသိမ်းစစ်ကောင်စီတပ်တွေထံ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် အမှုတွေအကုန်အနိုင်ရပြီး ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 28 Jan 2023 6:00 AM GMT

အဆိုပါ သတင်းအတုကို Krovan Kamsan ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇန်နဝါရီလ ၂၅ ရက်နေ့က ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၆ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ ၄င်း video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ နိုင်ငံတော် သမ္မတဦးဝင်းမြင့်ရဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “အထူးသတင်း ည ၈ နာရီခွဲ၊ သမ္မတဦးဝင်းမြင့် အမှုနိုင်ပြီ၊ ရှေ့နေ မငှားပဲ ကိုယ်တိုင်ရှေ့နေလုပ်ခဲ့သူ။ အားလုံးအနိုင်ရပြီး တရားသေ လွှတ်လာပြီ” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာတော့ “အမှုကြီး ၃ မှုကို အနိုင်ပိုင်းပြီး လွှတ်မြောက်လာပြီ” လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေ့ချ် ၃ ခုခန့်က ဖြန့်ဝေထားပြီး like လုပ်ထားသူ ဝင်ရောက်ကြည့်ရှု့ထားသူ ထောင်နဲ့ချီ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

နိုင်ငံတော် သမ္မတဦးဝင်းမြင့် အမှုအားလုံးအနိုင်ရပြီး ပြန်လွတ်လာပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီတပ်တွေက ပုဒ်မ မျိုးစုံတပ်ကာ ဖမ်းဆီးထောင်ချထားတာဖြစ်ပြီး အမှုတွေကို မတရားအမိန်းတွေ ချမှတ်ထားတာဖြစ်ပါတယ်။ သတင်းအမှားဖြန့်သူတွေ ရေးသားထားသလို အနိုင်ရပြီး လွတ်မြောက်လာခြင်းလည်း မရှိပါဘူး။

သတင်းအမှားထဲမှာ သမ္မတဦးဝင်းမြင့် ပြန်လွတ်လာပြီလို့ ရေးသားထားပေ့မယ့် ၎င်းတို့ ဖြန့်ထားတဲ့ video အတွင်းမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ ဆောင်းပါးရှင်း မင်းသေ့ရဲ့ ဆောင်းပါးတစ်ပုဒ်ကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ clickbaits သတင်းတွေ ဖြန့်ဝေနေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories