HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မင်္ဂလာဒုံရဲစခန်းကို PDF တွေ စီးနင်းသိမ်းပိုက်ဆိုတဲ့ သတင်းအတု

ရန်ကုန်မြို့က မင်္ဂလာဒုံရဲစခန်းကို PDF တွေ စီးနင်းသိမ်းပိုက်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 30 July 2023 1:23 PM GMT

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုနဲ့ Facebook Page တစ်ခုက ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာဖြစ်ပါတယ်။ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ ရဲကားတွေ လက်နက်ကိုင်ထားတဲ့ ရဲတွေရဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၂၈ ရက် နံနက်ခင်း အရေးကြီးသတင်း၊ ဗွီဒီယိုဖိုင်၊ ရန်ကုန်မြို့၊ မင်္ဂလာဒုံရဲစခန်း PDF စီးနင်းသိမ်းပိုက်၊ စစ်ခွေး ၄၀ သေဆုံး လုံးဝ အပြင်မထွက်နဲ့” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှုသူများစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ရန်ကုန်မြို့က မင်္ဂလာဒုံရဲစခန်းကို PDF တွေ စီးနင်းသိမ်းပိုက်ပြီး စစ်သား ၄၀ သေဆုံးသွားတယ်အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ရန်ကုန်မြို့က မင်္ဂလာဒုံ ရဲစခန်းကို PDF တွေ ဝင်ရောက်စီးနင်းတဲ့ဖြစ်စဉ် မရှိသလို စစ်သား ၄၀ သေဆုံးသွားတယ်ဆိုတာလည်း သတင်းအမှားသက်သက်သာ ဖြစ်ပါတယ်။ သတင်းအမှားဖြန့်သူတွေက ၎င်းတို့ YouTube Video ကို ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှားထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှားထဲမှာ မင်္ဂလာဒုံရဲစခန်းအနီး ဗုံးတစ်လုံး ပေါက်ကွဲဆိုတဲ့ သတင်းတစ်ပုဒ်နဲ့ တစ်ခြားသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။


Related Stories