HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နယ်စပ်အားလုံးကို PDF ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းအတု

နယ်စပ်ဒေသ အားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 20 May 2023 3:05 PM GMT

အဆိုပါ သတင်းအတုကို News24h ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကိုဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ ရဟက်ယာဉ် တစ်စီးပျံသန်းနေတဲ့ ဓါတ်ပုံရယ် လက်နက်ကိုင်ထားသူ ၂ ယောက်ပါဝင်တဲ့ ဓါတ်ပုံရယ်ကို ဖော်ပြထားပြီး ဓါတ်ပုံအပေါ်မှာ “၁၇ ရက်နေ့ နယ်စပ်အားလုံး PDF ထိန်းချုပ်။ ရဟက်ယာဉ်ပါ ပစ်ချ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါပါ ရေးသားဖြန့်ဝေမှုအတိုင်း နယ်စပ်တွေကို PDF တွေ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ထပ်မံရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှု့ထားသူများစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

နယ်စပ်ဒေသ အားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ နိုင်ငံအနှံ့ တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် နယ်စပ်ဒေသတွေကို ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးပါဘူး။ တိုက်ပွဲ ဖြစ်ပွားစဉ် ခဏတာထိန်းချုပ်မှု ရလေ့ရှိပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံမှုတွေကြောင့် ရေရှည်ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြားစစ်ရေး သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories