HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကလေး-ဂန့်ဂေါလမ်းဘေးက ရွာကို PDF မီးရှို့တယ်ဆိုတဲ့ သတင်းအတု

ကလေး-ဂန့်ဂေါလမ်းဘေးရှိ မွှေလယ်ကျေးရွာကို အကြမ်းဖက် PDFများ မီးရှို့ဖျက်ဆီးပြီး အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ် ဆိုတဲ့အကြောင်းအရာတွေ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။။

By - Boom Live Myanmar | 9 Nov 2021 10:51 AM GMT

ဒီအကြောင်းအရာကကို Myo Myat Maung ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က နိုဝင်ဘာလ ၇ ရက် နေ့လည် ၁ နာရီခန့်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ Myo Myat Maung ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကို ဝင်ရောက်ကြည့်ရှု့ရာ စစ်တပ်ထောက်ခံပြီး NUG အစိုးရ၊ NLD ပါတီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် သတင်းအမှားတွေနဲ့ ပုံဖျက်တိုက်ခိုက်နေတဲ့ အကောင့်တစ်ခုဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေရာမှာ "ကလေး-ဂန့်ဂေါလမ်းဘေးရှိ မွှေလယ်ကျေးရွာကို အကြမ်းဖက် PDFများ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆ လုံးနှင့် ကြက်ခြံနှစ်ခြံ လောင်ကျွမ်းပြာကျခဲ့ကြောင်း၊ အမျိုးသမီးတွေကိုလည်း မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်းနဲ့ အကြမ်းဖက် PDF ဝင်ရောက်မှုကြောင့် တစ်ရွာလုံးတိမ်းရှောင်နေရကြောင်း" တွေ ရေးသားထားပါတယ်။ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေနေတဲ့ "ကလေး-ဂန့်ဂေါလမ်းဘေးက ရွာကို PDF မီးရှို့ဖျက်ဆီး" ဆိုတဲ့ သတင်းဟာ ခေတ်သစ်မီဒီယာမှာ ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်ကို ပြန်လည်ပြင်ဆင်ရေးသားကာ ပုံဖျက်ဖြန့်ဝေနေတဲ့ သတင်းအတုပဲ ဖြစ်ပါတယ်။

မူရင်းသတင်းကို ခေတ်သစ်မီဒီယာမှာ "ကလေး-ဂန့်ဂေါလမ်းဘေးရှိ မွှေလယ်ကျေးရွာကို အကြမ်းဖက် ဖက်ဆစ်စစ်တပ် မီးရှို့ဖျက်ဆီး" ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။


အထက်ပါပုံမှာ တွေ့ရတဲ့အတိုင်း မူရင်းသတင်းကို ပြင်ဆင်ရေးသားကာ "ဖက်ဆစ်စစ်တပ်" ဆိုတဲ့ နေရာမှာ "အကြမ်းဖက် PDF" လို့ ပြင်ဆင်ကာ သတင်းမှာ မပါတဲ့ "အမျိုးသမီးများအားမုဒိမ်းကျင့်သတ်ဖြတ်" ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းရေးသားကာ ပုံဖျက်ရေးသားထားတာ ဖြစ်ပါတယ်။

ခေတ်သစ်မီဒီယာမှာ ဖော်ပြထားခဲ့တဲ့ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories