HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဟားငါးကောင်အဖွဲ့က လူရွှင်တော်တစ်ဦး စစ်ကောင်စီထံ အလင်းဝင်တယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ထိန်းချုပ်နယ်မြေကို ရောက်ရှိနေတဲ့ ဟားငါးကောင် လူရွှင်တော်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး စစ်ကောင်စီတပ်တွေထံအလင်းဝင်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်ခဲ့ပြီး ဒီသတင်းဟာ လုပ်ကြံဖန်တီးထားတဲ့သတင်းဖြစ်ပါတယ်။

By - Boom Live Myanmar | 29 Dec 2022 1:57 AM GMT

အဆိုပါ သတင်းအတုကို စစ်ကောင်စီအတွက် ဝါဒဖြန့်ချိရေး လုပ်ပေးနေတဲ့ အောင်မင်းဆိုသူက ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတာ ဖြစ်ပါတယ်။ ဒီလိုဖြန့်ဝေရာမှာ ဟားငါးကောင် အဖွဲ့ အငြိမ့် ကပြစဉ်က ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပြီး ၎င်း ဓါတ်ပုံနဲ့အတူ ဟားငါးကောင်အဖွဲ့က တစ်ဦးက အလင်းဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို၊ မြဝတီက ဟော်တယ်တစ်ခုမှာ အမျိုးသမီးတစ်ဦးနဲ့ အိပ်နေစဉ် စစ်ကောင်စီတပ်တွေက ဖမ်းမိသွားတယ်လို့ သိရကြောင်း အသေးစိပ်ကို ဆက်လက်ဖော်ပြမည်ဖြစ်ကြောင်း ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၅၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ဟားငါးကောင် လူရွှင်တော်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး စစ်ကောင်စီထံ အလင်းဝင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လိမ်ညာရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှားသာဖြစ်ကြောင်း တွေ့ရပါတယ်။

ဟားငါးကောင် အဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ စစ်ကောင်စီထံ အလင်းဝင်ခြင်း မရှိသလို ဖမ်းဆီးခံရခြင်းလည်း မရှိပါဘူး။ ဟားငါးကောင်အဖွဲ့ဟာ လွတ်မြောက်နယ်မြေထဲမှာပဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးတွေ ပြုလုပ်နေဆဲ ဖြစ်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ဟားငါးကောင်အဖွဲ့ရဲ့ ၁၀ နှစ်ပြည့်ခဲ့ကြောင်း အဖွဲ့ရဲ့ Group ဓါတ်ပုံတင်ကာ ၎င်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အငြိမ့်တစ်ခုပြုလုပ်ပြီး တော်လှန်ရေးရဲ့ လိုအပ်တဲ့နေရာတွေကို ကူညီထောက်ပံ့သွားမယ်လို့ ဟားငါးကောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ တိုင်းကျော်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

တိုင်းကျော်ရဲ့ ဖေ့စ်ဘွတ်မှာ ဖော်ပြထားတဲ့ ပိုစ့်ကို ဒီနေရာမှာ ကြည့်ပါ။


သတင်းအမှားဖြန့်ထားတဲ့ Aung Min ဆိုတဲ့သူဟာ  စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးလုပ်ပေးနေတဲ့ Myanmar Hard Talk ဆိုတဲ့ ပေ့ချ်ထောင်ထားသူ ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူ့အကောင့်ကနေ သတင်းအမှားတွေ မကြာခဏဖြန့်ဝေလေ့ရှိပါတယ်။


Related Stories