သတင်းအတု

ဗိုလ်နဂါးကို NUG က ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းအတု

ဗိုလ်နဂါးကို အမျိုးသားညီညွတ်ရေးအစိုးရက ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 29 Sept 2023 9:11 PM IST

ဗိုလ်နဂါးကို NUG က ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပြီး Video ရဲ့ နောက်ခံမှာ သတင်းကြေညာနေသူ တစ်ဦးရဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “၂၀ ရက်နေ့ အရေးပေါ် သတင်း ၊ DVB အတည်ပြု ကြေညာလိုက်ပြီဗျို့ ဗိုလ်နဂါးကို NUG ဖမ်းဆီးလိုက်ပြီ၊ အဆုံးထိ နားထောင်ကြည့်လိုက်” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၄၇၆၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ဗိုလ်နဂါးကို အမျိုးသားညီညွတ်ရေးအစိုးရက ဖမ်းဆီးလိုက်တယ်ဆိုတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဗိုလ်နဂါးကို NUG က ဖမ်းဆီးခြင်း မရှိသလို မည်သည့်အဖွဲ့အစည်းကမှလည်း ဖမ်းဆီးထားခြင်း မရှိပါဘူး။ သတင်းအမှားသူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းရာတွေ တစ်ခြားသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။


Tags:

Related Stories