သတင်းအတု

NUG ကာကွယ်ရေး ဝန်ကြီးကို ဖမ်းမိသွားပြီဆိုတဲ့ သတင်းအတု

အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးကို ဖမ်းမိသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 29 April 2023 12:44 PM IST

NUG ကာကွယ်ရေး ဝန်ကြီးကို ဖမ်းမိသွားပြီဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို PDF News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဧပြီလ ၂၈ ရက်နေ့မှာ ဖြန့်ဝေထားဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ် နီးပါးကြာမြင့်တဲ့ Video တစ်ပုဒ်ကို ဖြန့်ဝေထားပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ဓါတ်ပုံ နဲ့ ရဲ့တွေပါဝင်တဲ့ ဓါတ်ပုံရယ်ကို တစ်ပုံထဲပြုလုပ်ထားကာ ဓါတ်ပုံပေါ်မှာ “NUG ခေါင်းဆောင်ကို မိသွားလို့ မအလ အရမ်းပျော်နေပြီ၊ မျက်နှာကို ဖြီးနေတာ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားဖော်ပြထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို Facebook ပေါ်နဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို ဖမ်းမိသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးအပါအဝင် မည်သည့်ခေါင်းဆောင်မှ စစ်ကောင်စီထံမှာ ဖမ်းဆီးခံရခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှား Video ထဲမှာ ထန်တလန်မြို့နယ်ကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်း အကြောင်းအရာကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories