HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကယ်ဆယ်ရေးလုပ်တဲ့ စစ်ကောင်စီတပ်သား ၈၀ ကျော် လှေမှောက်သေဆုံးတယ်ဆိုတဲ့ သတင်းအတု

မိုခါမုန်တိုင်းဝင်ရောက်ခဲ့တဲ့ စစ်တွေမြို့မှာ မုန်တိုင်း ကယ်ဆယ်ရေးလုပ်ကိုင်တဲ့ စစ်ကောင်စီတပ်သား ၈၀ ကျော် လှေမှောက်သေဆုံးတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 17 May 2023 2:53 AM GMT

အဆိုပါ သတင်းအတုကို News BTN ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၇ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ “ကယ်ဆယ်ရေးဆင်းတဲ့ မအလစစ်သားများ (၈၀) ကျော်လှေမှောက် သေရှုံး” လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို YouTube ပေါ်မှာနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှု့သူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

မုန်တိုင်းတိုက်ခတ်ရာဒေသတွေကို ကယ်ဆယ်ရေးဆင်းတဲ့ စစ်ကောင်စီတပ်သား ၈၀ ကျော် လှေမှောက်သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ မုန်တိုင်းတိုက်ခတ်နေစဉ်မှာ ပရဟိတအဖွဲ့တွေကသာ အဓိကထား ကူညီကယ်ဆယ်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေသွားရောက်စဉ် လှေမှောက်ခြင်းလည်းမရှိသလို ၈၀ ကျော်သေဆုံးတယ်ဆိုတာလည်း သတင်းအမှားသာ ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှား Video ထဲမှာ တစ်ခြားစစ်ရေး သတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories