HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မရေတွက်ရသေးတဲ့ မဲလေးသောင်းကျော်ဖမ်းမိတယ်ဆိုတဲ့သတင်းအမှား

မြောက်ဉက္ကလာပမြို့နယ်မှာ ထည့်သွင်းမရေတွက်ရသေးတဲ့ မဲလေးသောင်းကျော်ဖမ်းမိ ဆိုတဲ့သတင်းနဲ့ မဲပုံး ၁၄၄ ပုံးကို ဘုန်းကြီးကျောင်းထဲတွင် တံဆိပ်ထုရိုက်ဆိုပြီး လူမှုမီဒီယာပေါ်ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်ကို BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။

By - Boom Live Myanmar | 18 Nov 2020 6:50 AM GMT

ဒီသတင်းကို နေယံထူး ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းမှာ ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ နှစ်သောင်းသုံးထောင်နီးပါး ရှိခဲ့ပါတယ်။

ငါးမိနစ်ကြော်ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်ရဲ့ ပထမပိုင်း သတင်းမှာ ရန်ကုန်တိုင်း မြောက်ဉက္ကလာပမြို့နယ်မှာ ထည့်သွင်း မရေတွက်ရသေးသော မဲပေါင်း လေးသောင်းကျော်ဖမ်းမိကြောင်း၊ သက်ဆိုင်ရာရဲတပ်ဖွဲ့က သတင်းရပြီး ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ရုံးထဲမှာပဲ ဖမ်းမိခဲ့တာပါဆိုပြီး ပြောဆိုထားတာပါ။

ဗွီဒီယိုဖိုင်ကို ဆက်လက်ကြည့်ရှု့ရာ ရဲတပ်ဖွဲ့ဝင်များစစ်ဆေးနေစဉ် မဲရုံမှူးလို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးက "ဒီဟာကို ကန့်ကွက်ပါတယ်။ ကျမဒီမှာ ပုံထားတာ သုံးရက်ရှိပါပြီ။ ကျမကန့်ကွက်တယ် ကျမမှာ အဲ့လိုဟာမျိုးတွေ မရှိနိုင်ဘူး။ ၈ ရက်နေ့ ညထဲက ဒီပေါ်မှာ ပုံထားတာ။ အဲ့ဒါတွေမရှိဘူး။ ကျမမလုပ်ဘူးနော် ကိုအေးဆွေ။" ဆိုပြီး ပြောဆိုနေတာလည်း တွေ့ရှိရပါတယ်။

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီသတင်းနဲ့ ပါတ်သတ်ပြီး People Media မှာ နိုဝင်ဘာလ ၁၃ ရက်နေ့က ဖော်ပြထားတဲ့ ပြည်ခိုင်ဖြိုးပါတီ၏ ရှင်းလင်းချက် ဆိုတဲ့ ဗွီဒီယိုဖိုင်မှာ မြောက်ဥက္ကလာပ မြို့နယ် တိုင်းဒေသကြီး အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးနေလင်းအောင်က ပြန်လည်ဖြေရှင်းထားပါတယ်။


ဦးနေလင်းအောင်က "နိုဝင်ဘာလ ၁၂ ရက်နေ့က ကျောက်ရေတွင်းရပ်ကွပ်၊ အုပ်ချုပ်ရေးမှူးရုံးအတွင်းက ရပ်ကွက်ကော်မရှင်ရုံးစာပွဲပေါ်မှာ မဲစာအိပ်အမြောက်အများတွေ့ရှိခဲ့ရကြောင်း။ သတင်းအရ သူကိုယ်တိုင်အပါအဝင် မြို့နယ်က တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြောက်ဉက္ကလာပမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဉက္ကဌ ပါဝင်ပြီး ရပ်ကွက်ကော်မရှင်ရုံးကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း။ စစ်ဆေးချက်အရ မဲစာအိတ်အလွတ်တွေနဲ့ အတူ ပြည်သူ့လွှတ်တော်အတွက် မဲစာအိတ်က ၂ အိတ်၊ အမျိုးသားလွှတ်တော်အတွက် ၂ အိတ်၊ တိုင်းရင်းသားမဲဆန္ဒနယ်အတွက် တစ်အိတ်နဲ့ တိုင်းဒေသကြီးအတွက်က ၅ အိတ် စုစုပေါင်း မဲစာအိတ် ၁၀ အိတ် တွေ့ရှိခဲကြောင်း။ ဖွင့်ဖောက်စစ်ဆေးရာ NLD ပါတီကို ပေးထားတဲ့ မဲ ၉ စောင်နဲ့ ပြည်ခိုင်ဖြိုး ပါတီကို ပေးထားတဲ့ မဲတစ်စောင်တွေ့ရှိရကြောင်း။ အဆိုပါ မဲေတွေကို ကော်မရှင်ဉက္ကဌကို အပ်နှံခဲ့ကြောင်း" ပြေဆိုထားပါတယ်။

ဦးနေလင်းအောင်ရဲ့ ပြောဆိုချက်အရ ထည့်သွင်း မရေတွက်ရသေးတဲ့ မဲတွေကို သတင်းအရ ရဲတပ်ဖွဲ့မှ ဝင်ရောက် စစ်ဆေးခဲ့တယ်ဆိုတဲ့ အချက်မှာ မှန်ကန်မှုရှိသော်လည်း မဲပေါင်း လေးသောင်းကျော်ဖမ်းမိတယ်ဆိုတဲ့ အချက်မှာ မှားယွင်းတဲ့ အချက်ဖြစ်ပါတယ်။

People Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories