HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မိုင်တိုင် ၄၀ တိုက်ပွဲမှာ AA ဘက်က ၁၀၀ ကျော် သေဆုံးတယ်ဆိုတဲ့ သတင်းအတု

ရခိုင်ပြည်နယ်အတွင်းက မြန်မာ-ဘင်္ဂလားဒေ့ချ်နယ်စပ်က မိုင်တိုင် ၄၀ တိုက်ပွဲမှာ AA ဘက်က ၁၀၀ ကျော် သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 13 Sep 2022 1:32 PM GMT

အဆိုပါ သတင်းအမှားကို ချက်ကြီးချက်ကြီး ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက စက်တင်ဘာလ ၁ ရက်နေ့ မနက် ၈ နာရီ ၄၃ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားထဲမှာ "Spet 1 မိုင်တိုင် (၄၀) တိုက်ပွဲ၌ AAဘက်က (၁၀၀)ကျော်သေဆုံး၊ (၇၀)ကျော်ဒဏ်ရာရ ဆေးကုဖို့ မရှိ စားဖို့မရှိဟု နောက်ဆုံးသတင်းဆက်ရရှိ" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ၊ ထပ်ဆင့်ဝေမျှသူတွေနဲ့ ကူးယူဖော်ပြသူတွေ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ရခိုင်ပြည်နယ်အတွင်းက မြန်မာ-ဘင်္ဂလားဒေ့ချ်နယ်စပ်က မိုင်တိုင် ၄၀ တိုက်ပွဲမှာ ရက္ခိုင့်တပ်တော် AA ဘက်က ၁၀၀ ကျော် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ်တွေဟာ ကင်းဆိပ်၊ ဘူးရွက်မညှိုး၊ အောက်သကန်၊ ကူးတို၊ ချောင်းနား၊ လက္ကာ၊ ဝေသာလီ စတဲ့ရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် အသက် (၅) နှစ်အရွယ် မောင်မြတ်သူလင်း အပါအဝင် ဦးလှအောင်သိန်း (အသက် ၃၈ နှစ်)၊ ဒေါ်အေးယဉ်နု (အသက် ၆၉ နှစ်) တို့ လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၉) ဦးအထိရှိခဲ့တဲ့အတွက် ရက္ခိုင့်တပ်တော် အေအေ အနေနဲ့ လက်တုန့်ပြန်တဲ့အနေနဲ့ မိုင်တိုင် ၄၀ စခန်းကို တိုက်ခိုက်သိမ်းပိုက် ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီတပ်က ရဲအုပ်အပါအဝင် ၁၉ ဦး သေဆုံးကာ တစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒီတိုက်ပွဲမှာ AA ဘက်ကလည်း ထိခိုက်ကျဆုံး အနည်းငယ် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ AA နဲ့ နီးစပ်သူ တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ ၁၀၀ ကျော်ကျတယ်ဆိုတဲ့ သတင်းအမှားသာဖြစ်တယ်လို့ ဆိုပါတယ်။ Arakan Army ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်ပါ။


သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်တုဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက် ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories