HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မုံရွာသပိတ်ခေါင်းဆောင် မူးယစ်ဆေးသုံးထားတယ်လို့ တိုက်ခိုက်ထားတဲ့ သတင်းအတု

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဖမ်းဆီးခံရပြီး သွေး၊ဆီး စစ်ဆးရာမှာ မူးယစ်ဆေးတွေ နှစ်ရှည်သုံးစွဲထားကြောင်း တွေ့ရှိရတယ်ဆိုတဲ့ ဝါဒဖြန့် သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 20 April 2021 6:35 AM GMT

အဆိုပါ သတင်းအမှားကို Arkar Toe Wa ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဧပြီလ ၁၅ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်မှာ ရေးတင်ခဲ့တာဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ "မုံရွာဆူပူအုံကြွမှု သပိတ်ခေါင်းဆောင် ဝေမိုးနိုင် အား သွေး၊ဆီး စစ်ဆေးရာ မက်သဖက်သမင်း ခေါ် စိတ်ကြွဆေးများ နှစ်ရှည်သုံးစွဲထားကြောင်း Medical result ရရှိ ကလေး၊ တမူး၊ စစ်ကိုင်း၊ မန္တလေး မြို့ကြီးများသို့ မူးယစ်ဆေးဖြန့်ဖြူးရောင်းချသည့် ရာဇဝတ်မှုပါ စစ်ကြောမေးမြန်းမှုများပြုလုပ်လျက်ရှိ ပန်းပဲတန်း NLD ကိုယ်စားလှယ် စည်သူမောင်၊ ဝေမိုးနိုင်နှင့် မြအေး တို့သည် မွတ်စလင်ရွှေညီနောင်များအဖွဲ့ကွန်ယက်ကို လျှို့ဝှက်ဖွဲ့စည်းထားသည့် အစ္စလာမ်ဘာသာပြန့်ပွားရေးကို အဓိကဦးဆောင်နေကြသူများဖြစ်ကြောင်း သိရှိရ။ Edit>ဝေမိုးနိုင် အသုံးပြုသည့် လက်ကိုင် ဖုန်းမှ ဆက်သွယ်ထားသည့် မူးယစ်ဆေးဝါးဖြန့်ဖြူးသည့် recordအရ ဆက်စပ်တရားခံများ နေအိမ်တွင်မရှိပဲ တိမ်းရှောင်ထွက်ပြေးနေကြောင်း ထပ်မံသတင်းရရှိ" (မူရင်းရေးသားထားသည့် အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၈၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ ၆၀၀ ကျော် ရှိနေပြီး တခြားဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာကလည်း ကူးယူပြီး ပြန်တင်နေကြပါတယ်။

သတင်းဆန်းစစ်ချက်

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဖမ်းဆီးခံရပြီး စစ်ဆေးစဉ်မှာ မူးယစ်ဆေးဝါးသုံစွဲထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့် လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

ကိုဝေမိုးနိုင်ကို ဧပြီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီက အိမ်စီးကားတစ်စီနဲ့ တိုက်ပြီးဖမ်းခဲ့တာဖြစ်ပြီး ၁၅ ရက်နေ့မှာ ကိုဝေမိုးနိုင်ရဲ့ သတင်းတွေကို ထပ်မံ မကြားရတော့ပါဘူး။ ဧပြီလ ၁၆ ရက်နေ့မှာ ရိုက်နှက်ခံထားရပြီး မျက်နှာတွေ ဖူးရောင်နေတဲ့ ဓါတ်ပုံတစ်ပုံ ထွက်ပေါ်ခဲ့ကာ တခြားသတင်းတွေ ထပ်မံ မကြားရသေးပါဘူး။

Related Stories