HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီခေါင်းဆောင် တရုတ်နိုင်ငံကို ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းအတု

အာဏာသိမ်းစစ်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်ကို အမေရိကန်က ဝင်ဖမ်းမယ်ဆိုတဲ့အတွက် တရုတ်နိုင်ငံကို ညတွင်းချင်း ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 18 Jan 2023 11:36 AM GMT

အဆိုပါ သတင်းအတုကို TepPon News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇန်နဝါရီလ ၁၇ ရက်နေ့က ဖြန့်ဝေထားတာဖြစ်ပြီး ၅ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ပူးတွဲဖြန့်ဝေထားတာဖြစ်ပါတယ်။ Video ရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ Mizzima သတင်းဌာနက သတင်းကြေညာနေတဲ့ ဓါတ်ပုံကို သုံးထားပြီး ခေါင်းစဉ်ထည့်သွင်းထားတဲ့စာသားမှာတော့ အရေးကြီးသတင်းဖြစ်ကြောင်း၊ US ကဝင်ဖမ်းမှာဖြစ်တာကြောင့်တရုတ်ကို ထွက်ပြေးသွားပြီဖြစ်ကြောင်းနဲ့ တရုတ်ကို မင်းအောင်လှိုင်က အကူအညီတောင်းနေကြောင်းစတာတွေကို ထည့်သွင်းရေးသားထားပါတတာဖြစ်ပါတယ်။  ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာတော့ “မင်းအောင်လှိုင် တရုတ်နိုင်ငံကို ညတွင်းချင်း ထွက်ပြေး” ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။

မူရင်းဖြန့်ဝေထားတဲ့ပို့စ်တွေကိုတော့ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို Like လုပ်ထားသူ ၂၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၄၈၀၀ ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်နဲ့ YouTube ပေါ်မှာလည်း ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီခေါင်းဆောင်ကို အမေရိကန်က ဝင်ဖမ်းမယ်ဆိုတဲ့ အတွက် တရုတ်နိုင်ငံကို ညတွင်းချင်း ထွက်ပြေးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာဖြန့်ဝေထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဒီ Video ဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ နောက်ခံဓါတ်ပုံတွေမှာ လိမ်ညာဖန်တီးရေးသားထားတဲ့ Click baits သတင်းတစ်ပုဒ်သာဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်ကို အမေရိကန်က ဝင်ဖမ်းဖို့ ကြေညာပြောဆိုထားခြင်းမရှိသလို မင်းအောင်လှိုင်က တရုတ်နိုင်ငံကို ထွက်ပြေးတဲ့အခြေအနေမျိုးလည်းမရှိသေးပါဘူး။

သတင်းအမှားထဲမှာ စစ်ကောင်စီခေါင်းဆောင်ကို US က ဝင်ဖမ်းမယ်လို့ ကြေညာတဲ့အတွက် တရုတ်နိုင်ငံကို ထွက်ပြေးသွားတယ်လို့ ဖော်ပြထားပေမယ့် Video အထဲမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ ပြည့်သူတော်လှန်ရေးတပ်ဖွဲ့တွေဟာ NUG နဲ့ ပူးပေါင်းပြီး လက်နက်အင်အား လူအင်အားတောင်းတင်းလာပြီဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။ သတင်းခေါင်းစဉ်နဲ့ နောက်ခံဓါတ်ပုံတွေမှာ ပြောထားတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories