HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီ ခေါင်းဆောင် နုတ်ထွက်ကြောင်း ကြေညာတယ်ဆိုတဲ့ သတင်းအတု

အာဏာသိမ်းစစ်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်က ရာထူးက နုတ်ထွက်ဖို့ ကြေညာလိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 2 Oct 2023 4:03 PM GMT

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၂၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ သတင်းကြေညာနေသူ တစ်ဦးရယ် စစ်ကောင်စီခေါင်းဆောင် ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၂၉ ရက်နေ့ ရှောင်ပြေးဖို့ လုပ်နေပြီဟေ့၊ မင်းအောင်လှိုင် နုတ်ထွက်ကြောင်း ကြေညာလိုက်ပြီ” ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ တစ်သောင်းကျော်ထိ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီခေါင်းဆောင်က ရာထူးက နုတ်ထွက်ဖို့ ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ ရာထူးက နုတ်ထွက်သွားခြင်းမရှိသလို နုတ်ထွက်ဖို့ တစ်စုံတစ်ရာ ပြောဆိုထားခြင်းလည်း မရှိပါဘူး။ ဒါ့အပြင်အဏာသိမ်းပြီးကတည်းက ၎င်းရဲ့သက်တမ်းကို အကြိမ်ကြိမ်တိုးနေခဲ့တာဖြစ်ပြီး လက်ရှိကာလအထိ ၎င်းရဲ့ နစကအစိုးရအဖွဲ့ကိုလည်းအကြိမ်ကြိမ်ပြင်ဆင်ဖွဲ့စည်းနေရဆဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှလည်း ဖော်ပြထားခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်သလို ၎င်းတို့တင်ထားတဲ့ Video အတွင်းမှာလည်း ဒီသတင်းအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ တစ်ခြား စစ်ရေးအကြောင်းအရာတွေ တစ်ခြား သတင်းတွေကို ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။


Related Stories