HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီ ဗိုလ်ချုပ်အောင်လင်းဒွေးတို့ မိသားစုလိုက် သတ်ခံရတယ်ဆိုတဲ့ သတင်းအတု

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးဟာ မိသားစုလိုက် သတ်ဖြတ်ရှင်းလင်းခံလိုက်ရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 16 Nov 2022 5:47 AM GMT

အဆိုပါ သတင်းအတုကို Thai News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကိုဖြန့်ဝေရာမှာ ၄ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ အဆိုပါ Video ရဲ့နောက်ခံဓါတ်ပုံမှာ သတင်းတင်ဆက်သူတစ်ဦးရဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ "ဗိုလ်ချုပ် အောင်လင်းဒွေး မိသားစုလိုက် ရှင်းလင်းခံရ (၅) လောင်းပြိုင်သွားပြီ ရုပ်သံဖိုင်" လို့ ရေးထားပါတယ်။ ၎င်း Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ "ကြည့်ရဲမှကြည့်ပါ" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့သူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

အာဏာသိမ်းစစ်ကောင်စီတပ်က ဒုတိယဗိုလ်ချုပ် အောင်လင်းဒွေး မိသားစုလိုက် အသတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာဖြန့်ဝေထားတာကို တွေ့ရပါတယ်။

စစ်ကောင်စီ ဒုဗိုလ်ချုပ် အောင်လင်းဒွေးရော ၎င်းရဲ့ မိသားစုပါ သတ်ခံထားရခြင်း မရှိသလို ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းကမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။ အခု သတင်းအမှားဖြန့်တဲ့ ဖေ့စ်ဘွတ်မှာသာ ဖော်ပြထားခြင်း ဖြစ်ပါတယ်။

၎င်းတို့ တင်ထားတဲ့ သတင်းအမှား Video ထဲမှာလည်း အောင်လင်းဒွေး ဖမ်းခံရတဲ့အကြောင်း မပါဝင်ပါဘူး။ ၎င်း Video ထဲမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က တစ်နေ့တာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကို နောက်ခံအသံရွတ်ဆိုပြီး သတင်းပြုလုပ်ထားခြင်းသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်ဝေနေတဲ့ အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။

Related Stories