HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

KNU က ဒရုန်းဗုံးကြဲချလို့ ကလေးငယ်တွေအပါအဝင် ၅ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းအတု

နတ်သံကွင်းမြို့မှာ KNU နဲ့ PDF တွေက ဒရုန်းနဲ့ ဗုံးကြဲချလို့ ကလေးငယ် ၄ ဦးအပါအဝင် ၅ ဦးသေဆုံးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 27 Dec 2023 11:59 AM GMT

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်တွေကတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ အဆိုပါ သတင်းအမှားထဲမှာ “အထိနာသွားတဲ့ KNU/PDF အကြမ်းဖက်များဟာ နတ်သံကွင်းမြို့ လူနေရပ်ကွက်များအတွင်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦးနှင့် ပြည်သူ ၁ ဦး ပွဲချင်းပြီးသေဆုံး” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တွေနဲ့ပါ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

KNU/PDF တွေက နတ်သံကွင်းမြို့ လူနေရပ်ကွက်များအတွင်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦးနှင့် ပြည်သူ ၁ ဦး ပွဲချင်းပြီးသေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲချတဲ့အတွက် ကလေးငယ် ၄ ဦးနဲ့ ပြည်သူ ၁ ဦး စုစုပေါင်း ၅ ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

အဆိုပါ သတင်းအကြောင်းအရာကို ယူပြီး စစ်တပ်ထောက်ခံသူတွေက KNU တွေ ဒရုန်းနဲ့ ဗုံးကြဲချတာလို့ တန်ပြန် သတင်းအမှားဖြန့်ထားတာ ဖြစ်ပါတယ်။ သတင်းအမှားဖြန့်သူတွေ သုံးထားတဲ့ မူရင်းသတင်းဟာ ခေတ်သစ် သတင်းဌာနက ဖော်ပြထားတဲ့ သတင်းရဲ့ ခေါင်းစဉ်ဖြစ်ပြီး “စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု” ဆိုတဲ့ နေရာမှာ အထိနာသွားတဲ့ KNU နဲ့ PDF တွေ ဒရုန်းနဲ့ ဗုံးကြဲချတာလို့ ပြောင်းလဲ ရေးသားထားတာ ဖြစ်ပါတယ်။

ခေတ်သစ်က ဖော်ပြထားတဲ့ မူရင်းသတင်းကို ဒီနေရာမှာ ကြည့်ပါ။


သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories